တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန်တွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ၊ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား သူရအောင်သည် ခဲယမ်းများယူဆောင်လာပြီး မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းထံသို့ ဆက်သွယ်လာပြီး အလင်းဝင်လာကြောင်းသိရှိရသည်။
ထိုအလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား သူရအောင်သည် လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် ၁၅၄ တောင့်၊ လက်ထိပ် ၁ ကွင်း နှင့်အတူ ခမရ ၅၆၁ တပ်ရင်းတွင်တာဝန်ထမ်းဆောင်နေချိန် အထက်ပါပစ္စည်းများယူဆောင်ကာ တပ်မှထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၃ တပ် ရင်းထံ အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူ တပ်သား သူရအောင်က စစ်သက် တမ်း ၄နှစ်ရှိပြီလို့ပြောတယ်။ လက်ရှိမှာ စစ်ခွေးတွေရဲ့ လူမဆန်သောအကြမ်းဖက်မှုတွေကို လက်မခံနိုင်လို့ တပ်မှထွက်ပြေးလာတာပါ “ဟု People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူကပြောဆိုသည်။
အလင်းဝင်ရောင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သား သူရအောင်ကို မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းမှ နွေးထွေးစွာကြိုဆိုပြီး လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




