31 C
Yangon

ရေစကြို၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘုတ်ပြင်းမြို့နယ် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်တပ်သင်္ဘောတစ်စီးကို တိုက် ခိုက်ခဲ့ရာ တပ်မ ၉၉ မှ ဒုတပ်ကြပ်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီခန့်အချိန် ပခုက္ကူမြို့မှ ရေစကြိုမြို့ဘက်သို့ ချင်းတွင်းမြစ်ကြောင်း အ တိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်ကော်မရှင်၏ သံခွန်သင်္ဘောတစ်စီးကို ရေစကြိုမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတနေရာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်မ ၉၉ လက်အောက်ခံ ဒုတပ်ကြပ်တစ်ဦးသေဆုံးကာ ၃ ဦး ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပခုက္ကူဘက်ကနေ ရေစကြိုဘက်ကိုလာတဲ့သဘော။ တစ်စီး တည်းပဲ၊ ညဆိုတော့ သင်္ဘောပေါ်မှာ ဘယ်လောက်ပါတယ်လို့တောင် ခန့်မှန်းလို့မရဘူး။ မုံရွာဘက်အထိတော့ တက်တယ် မကြားမိသေး ဘူး။ ဘယ်လောက်နေလဲ မသိရသေးဘူး။ တပ်မ ၉၉ က ဒုတပ်ကြပ်တစ်ယောက်သေတယ်။ ၃ ဦး ဒဏ်ရာရတယ်။” ဟု ရေစကြို PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ) မှ ရဲဘော်များက အ သင့်စောင့် ဆိုင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Dragon Squad – TNI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ် ၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီး ကျောင်းတွင် အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော် လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးသေစာရင်း ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ ဒရုန်း ၁ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒီ​ရွေးကောက်ပွဲကို သူတို့ဘာသာ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့ကတော့ အပြုတ်တိုက်မှာပါ” ဟု Dragon Squad – TNI အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်း ၊ SOF တပ်ခွဲ နှင့် ဘုတ်ပြင်း ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article