31 C
Yangon

မြန်မာ တစ်နိုင်ငံလုံး ဖက်ရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် ကရင်နီ တော်လှန်ရေးက အခြေခံအင်အားဟု IEC ဥက္ကဋ္ဌ ခူဦးရယ် ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

ကရင်နီပြည်သူများ၏‌ တော်လှန်ရေးက မြန်မာတစ်နိုင်ငံလုံး ဖက်ရယ်ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက် အခြေခံအင်အားတစ်ရပ်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင် စီ ဥက္ကဋ္ဌ ခူဦးရယ်က ထုတ်ဖော်ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ကရင်နီပြည်သူများသို့ ပေးပို့သော နှစ်သစ်ကူး သဝဏ် လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ ကရင်နီပြည်နယ်သည် အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုအောက် တွင် လူမှုဘဝ၊ စီးပွားရေး၊ ယဉ် ကျေးမှု၊ လုံခြုံရေးစသည့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ နေရသော်လည်း ပြည်သူ များ၏ သတ္တိ၊ အညံ့မခံ အားမလျော့သော စိတ်ဓာတ်၊ လွတ်မြောက်ရေး အ ပေါ် ယုံကြည်ချက်တို့ကို မည်သည့်အခက်အခဲကမျှ မတားဆီးနိုင်ကြောင်း၊ ကရင်နီပြည်သူများ၏ တော်လှန်ရေးမှာ မိမိတို့ချည်းအတွက်သာ မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတွက် ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံတော်သစ် တည် ဆောက်ရေးအတွက် မဖြစ်မနေ အခြေခံအင်အားတစ်ရပ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကရင်နီဒေသ၏ တည်ကြည်မှု ၊ စွန့်လွတ်မှု ၊ အနိုင်မခံအရှုံးမပေး စည်းလုံးညီညွတ်မှုတို့ သည် တရားမျှတမှုကို လိုလားသော မြန်မာပြည်သူ တစ်ရပ်လုံးနှင့်တစ်သားတည်း ရပ်တည်နေ ကြောင်း သက်သေထူခြင်းဖြစ် သည် ဟု ၎င်းက ပြောသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖက်ဒရယ်အခြေခံခိုင်မာသည့် ဥပဒေပြုစနစ် ကို အမြန်တည်ဆောက် ရန်၊ ပြည်သူ့အခြေပြု ဒေသန္တရ အုပ်ချုပ်ရေးစနစ်ကို အပြည့်အဝဖော်ဆောင် ရန်၊ တိုင်းရင်းသားအား လုံး အတွက် တန်းတူအခွင့် အရေး၊ တန်းတူအာမခံချက် ရရှိစေရန်နှင့် လူ့ အခွင့် အရေးနှင့် ဂုဏ်သိက္ခာကို နိုင်ငံရေး၏ အခြေခံ အုတ်မြစ်အဖြစ် ထူ ထောင်ရန် မူဝါဒ၊ အတွေး အမြင် ထားရှိပြီး ကရင်နီပြည်သူများအနေဖြင့်လည်း အတူတကွ ရပ်တည်ပေးကြပါရန် တောင်းဆို ထားသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကရင်နီပြည်သူ များ၏ တရား မျှတသော လွတ် လပ်ရေးတိုက်ပွဲကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ လူသားဆန်သည့် အဆင့် အား လုံးမှ ပိုမိုတက်ကြွစွာ ထောက် ပံ့ကူညီပေးရန် ဆက်လက်တောင်းဆိုသည်။

၂၀၂၆ ခုနှစ်တွင် ကရင်နီပြည်၏ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ် အစပြု ဖော် ဆောင်နိုင်သော နှစ်တနှစ် ဖြစ်လာစေရေး မြန်မာပြည်သူတစ်ရပ်လုံးနှင့် ကရင်နီပြည်သူ တစ်ရပ်လုံး အတွက် အားလုံး အတူတကွ လက် တွဲညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းကြပါရန် ၊ ကရင်နီပြည် သူများ၏ တော် လှန်ရေးသမိုင်းသည် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ထိုက်သည့် ဇွဲ၊ သတ္တိ၊ အညံ့ မခံ အရှုံးမပေးမှု၊ ဂုဏ်သိက္ခာတို့၏ သက်သေတစ်ရပ် အမှန် ဖြစ်စေရန် ဆက်လက် အားထုတ်ကြပါရန် တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article