36 C
Yangon

ကိုးကန့် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်ကား ၂၀၀ ကျော် သွားရောက်ကုန်သွယ်နေပြီး ကုန်စည်စီးဆင်းမှု မြင့်တက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ် ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်ကား ၂၀၀ ကျော် ကုန်သွယ်နေပြီး ကုန်စည်စီးဆင်းမှု မြင့်တက်နေကြောင်း MNDAA ကိုးကန့်က တရားဝင် သတင်းထုတ်ပြန်သည်။

လက်ရှိကာလမှာ ကိုးကန့် အထူးဒေသအတွင်း စိုက်ပျိုးရေးထွက်ကုန်များ ရိတ်သိမ်းချိန်ဖြစ်သည်နှင့်အညီ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်စည်စီးဆင်းမှု မြင့်တက်လာလျက်ရှိကြောင်း၊ ကြံ၊ ပြောင်းဖူး အပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံး ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ် ဝင်ထွက်သွားလာမှု များပြားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ ဖိအားများလည်း မြင့်တက်လျက်ရှိကြောင်း၊ MNDAA လက်အောက်ခံ ကိုးကန့်ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ (ယာဉ်ထိန်းတပ်ဖွဲ့) သည် ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း MNDAA က ပြောဆိုသည်။

MNDAA က ၂၀၂၅ ခုနှစ်အတွင်း ကိုးကန့်ခရိုင် ယာဉ်ထိန်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကွမ်းလုံနှင့် တုံရှန်မြို့နယ်များအထိ တာဝန်ယူဆောင်ရွက်နေကြောင်း၊ လက်ရှိ ကုန်သွယ်ရေးရာသီ အမြင့်ဆုံးအချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့သည် “လူအားလုံးပါဝင်၊ ညှိနှိုင်းလှုပ်ရှား” ဟူသော မူဝါဒဖြင့် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများပါမကျန် ရှေ့တန်းသို့ ပူးပေါင်းပါဝင်နေကြောင်း၊ လမ်းကြောင်းခွဲခြား ထိန်းကျောင်းခြင်း၊ အဓိက လမ်းဆုံလမ်းခွများတွင် ယာယီထိန်းချုပ်ရေးစခန်းများ ဖွင့်လှစ်ပြီး နယ်စပ်ဖြတ်ကျော်ယာဉ်များနှင့် ဒေသတွင်းသွားလာသည့် ယာဉ်များကို လမ်းကြောင်းခွဲခြားပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

MNDAA လက်အောက်ခံ အာဏာပိုင်အဖွဲ့များအနေဖြင့် ကုန်တင်ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ ရောထွေးရှုပ်ထွေးမှုမရှိစေရန် သီးသန့်လမ်းကြောင်းများ သတ်မှတ်ပေးခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ကာကွယ်ခြင်း၊နယ်စပ်ကုန်သွယ်ရေး စီမံခန့်ခွဲမှုဌာနနှင့် ပူးပေါင်း၍ ယာဉ်ကြောရှုပ်ထွေးချိန်များတွင် အရေးတကြီး မလိုအပ်သော ယာဉ်များကို အချိန်ခွဲခြား ဖြတ်သန်းစေခြင်း၊ နေ့စဉ် နံနက် ၆ နာရီမှ ညဉ့်နက်သန်းခေါင်အထိ တာဝန်ထမ်းဆောင်နေကြောင်း ၊ ယင်းကြောင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့ပြီး ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းရေးအတွက် ခိုင်မာသော အကာအကွယ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

လက်ရှိချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော် တရုတ်နိုင်ငံသို့ ထွက်ခွာလျက်ရှိရာ ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၅၀ ရာခိုင်နှုန်းကျော်နှင့် ပြောင်းဖူးသယ်ယူပို့ဆောင်ရေးယာဉ် (၄၀) ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ တောင်သူလယ်သမားများ၏ တစ်နှစ်တာ လုပ်အားရလဒ်များ ဈေးကွက်သို့ အချိန် မီရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများ၏ နှစ်ဖက်ညှိနှိုင်းမှုအရ ပြောင်းဖူးတင်ပို့သည့် ယာဉ်များကို ဦး စားပေးလမ်းကြောင်းဖြင့် ဖြတ်သန်းခွင့်ပြုထားသကဲ့သို့ ကြံတင်ပို့မှု ပမာဏကိုလည်း အာမခံချက်ပေးထားကြောင်း၊ လယ်ယာထွက်ကုန် တင်ပို့သည့် ယာဉ်တန်းများ လျင်မြန်စွာ ဖြတ်သန်းနိုင်ရေးကို အထူးဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article