27 C
Yangon

NUG ယာယီသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် မုံရွာမြို့နယ်မှ အကျဉ်းသား ၃ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီး ကျန်အကျဉ်းသား၊အကျဉ်းသူများကို ပြစ်ဒဏ် ၃ ပုံ ၁ ပုံလျှော့ချပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ တော်ယာယီသမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား ၃ ဦးကို လွှတ်မြောက်ခဲ့ ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုအာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၁/၂၀၂၆ ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၁၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ် မှတ် ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုအပြင် ကျန်အကျဉ်းသူ/အကျဉ်းသားများကိုလည်း ၎င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ ၃ ပုံ ၁ ပုံ ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ ကြောင်း သိရသည်။

ယင်းလွတ်ငြိမ်းချမ်းသာလွင့်အမိန့်အမရ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ရှိ အကျဉ်း ထောင်အတွင်းမှ အကျဉ်းသား ၃ ဦးလွတ်မြောက်ခဲ့ပြီး မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန် ခံ၊ ပြည်သူ့ကာကွယ်ရေး ဘဏ္ဍာရေးတာဝန်ခံ၊ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ ဒုတာဝန်ခံ၊ မြို့နယ် တရား သူကြီး၊ အကျဉ်းထောင်တာဝန်ခံနှင့် မြို့နယ်ရုံးအဖွဲ့မှူးတို့ က အခမ်းအနားပြုလုပ်ကာ ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

“သာမန်အမှုတွေပါပဲ။ မုံရွာမြို့နယ်ထဲလူတွေပါပဲ။ သူတို့နေရပ်ပြန်ရောက်ဖို့အတွက် ကျနော်တို့ အ ကုန်စီစဉ် ပေးလိုက်ပါတယ်။ အဓိကတော့ သူတို့ရဲ့မိဘတွေ၊ အုပ်ထိန်းသူတွေတွေကို ချိတ်ဆက်ပြီး တော့ သူတို့သွားချင်တဲ့နေရာတွေအထိ ရောက်တဲ့အထိ အကုန်စီစဉ်ပေးခဲ့ပါတယ်။ တော်လှန်ရေး ရဲဘော်တွေနဲ့အချင်းချင်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးခဲ့တာပါ။ ကျနော်တို့ပလဖအနေနဲ့ အမှု တွေကို တရားဥပဒေနဲ့အညီ စီရင်ချက်တွေ ချနေသလို ဥပဒေနဲ့ အညီ လွတ်ငြိမ်းချမ်းသာခွင့်တွေကို လည်း ခံစားပြုနေပါတယ်။” ဟု မုံရွာမြို့ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုအာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသား ၃ ဦး နေရပ်သို့ ကောင်း မွန်အေး ဆေးစွာ ပြန်နိုင်ရေးအတွက် လမ်းခရီးစရိတ်ထောက်ပံ့ပေးခဲ့သလို လုံခြုံစွာနေရပ်ပြန်ရောက် ရှိရေးအတွက်လည်း မြို့နယ်တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article