25 C
Yangon

အောင်လံမြို့နယ်၊ ခရိုင်ပညာရေးမှူးရုံးမှ Non-CDM စာရေး မိုးဌေးခိုင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၅

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ခရိုင်ပညာရေးမှူးရုံးမှ Non CDM စာရေး မိုးဌေးခိုင်ကို မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အောင်လံမြို့နယ်၊ သံချိတ်ဂိတ်နှင့် မြို့လှ တံတားကြား၌ အောင်လံခရိုင် ပညာရေးမှူးရုံး၊ စီမံရေးရာ ဌာနမှ စာရေး မိုးဌေးခိုင်ကို WY မူးယစ်ဆေး ၁၀၅ ပြား၊ Mango ဆေး ခြောက် ၂၀ ကျပ်သား တို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်ဆီးရရှိသူ မိုးဌေးခိုင်သည် အောင်လံ မြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုးလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“သူကအခုလက်ရှိ Non CDM ဝန်ထမ်းပါ။ စစ်ကြောင်းပတ်ကင်း နဲ့သွားတိုးလို့ စစ်တဲ့အခါမှာ ထွက် လာတာပါ။ ထပ်ပြီး စစ် ဆေးတဲ့အခါမှာ တော့ အဲဒါတွေ သိရှိလာရတာပါပဲ။ ပြည်သူ့စစ် ခေါင်းဆောင် ဖိုးသား အဖေဖြစ်သူ မြင့်မိုလ်ကျော် ကျော် ၊ ဆင်ဒွဲလား KTV ပိုင်ရှင် သူတို့က လက်ရင်းတွေလို့ သိရှိ ထားပါတယ်။ သက်ဆိုင်ရာ ကွပ်ကဲ ရေး အဆင့်ဆင့်ကို ပေးပို့ထားပါပြီ။ ကျနော်တို့က တပ်ရင်းဖြစ် တဲ့အတွက် ကျွန်တော်တို့က ဖမ်း ဆီး တာပဲလုပ်ရမှာပါ။ ကျန်တာက အခြားသက်ဆိုင်ရာကို ပို့ ဆောင်ပေးရတာပါ။ ရတဲ့အချက် အလက်ကို ပေးလိုက်ရုံပါပဲ”ဟု သရက်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် မိုးဌေးခိုင်ကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ ထံသို့ လွှဲပြောင်းပေးအပ်ထားပြီး ဆက်လက်စစ်ဆေးအရေးယူ သွားမည်ဖြစ် ကြောင်း သိရသည်။

“စကစဟာ ကျားဖြန့်ရုပ်သိမ်းလိုက်ရတဲ့အတွက် WY နဲ့ စီးပွားရှာဖို့ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေကို ဖြန့်ဖြူးရေးလုပ်ခိုင်းရုံသာမ ပညာရေးဒေါက်တိုင်တွေ ကိုပါ အသုံးပြုလာတယ်ဆိုတာ ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားဖို့လိုပါတယ်။ စကစကို ယုံ ကြည်လို့ ဒါမှမဟုတ် ကြောက်လို့ ထားတဲ့ကျောင်းတွေဟာ WY ဖြန့်ဖြူးတဲ့နေရာတွေ ဖြစ်လာနိုင် ပါတယ်” ဟု သရက်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article