26 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းနှင့် ကျေးရွာများတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှု များပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကျေးရွာများတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄ ၊ တပ်ခွဲ ၂ နှင့် ထနောင်းစစ်ကြောင်း တပ်ရင်းအမှတ် ၈၀၅ မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်း သဖန်းဇင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်သည် မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာကို ရောက်ရှိလာစဉ် ထနောင်းစစ်ကြောင်းက လက်နက်ကြီး ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်တောင်းမြစ် အနောက်ဘက်ကမ်း သဖန်းဇင်ကျေးရွာကနေ ထွက်လာသော စစ်ခွေး စစ်ကြောင်းကို စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာတစ်ရွာအရောက်မှာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်း ခန့်မှန်းခြေ ၂ ကောင်သေဆုံးတယ်။ စစ်ခွေး စစ်ကြောင်းက အနောက်ဘက်ကမ်းကို ပြန်ဆုတ်သွားတယ်။ ရေတာရှည်ထိ ဆုတ်သွားမလား သဖန်းဇင်ကိုပဲဆုတ်သွားမလားဆိုတာတော့ အတိအကျမသိရသေးဘူး” ဟု ထနောင်းစစ်ကြောင်း တပ်ရင်းအမှတ် (၈၀၅) မှ တာဝန်ရှိသူက ပြောဆိုသည်။

အလာတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာတွင် အထိုင်ချတပ်စွဲနေသည့် အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်ဆောင်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ မိုင်း ၁ လုံးနှင့် လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကူပေးရန် ထွက်လာသော အကြမ်းဖက် စစ်သားများကိုလည်း တခွဲကြဲကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြိုတင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပွိုင့်ဖိုက်စက်လက် ပစ်ကူများ၊ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ ကြိုတင် ပြင်ဆင်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ကြားသိရတာကတော့ တခွဲကြဲကျေးရွာ တိုက်ပွဲမှာ စစ်ခွေး ၇ ကောင်သေဆုံးတယ်။ ကျနော်တို့ စုံစမ်းသိရတဲ့ စစ်ခွေးသေစာရင်းပေါ့။ သိမ်းဆည်းရမိကတော့ မိုင်း ၁ လုံးနဲ့ လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ မှတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ် ပကဖ၊ နေပြည်တော်တပ်ရင်း ၈၀၈ ၊ ၈၀၆ ၊ ၈၀၇ နှင့် ၈၀၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း (၃၅၀၄) အနေဖြင့် အကြမ်းဖက် စစ်တပ်က ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် တားဆီး တိုက်ဖျက်သွားမည်ဖြစ်သည့်အတွက် စစ်ဆင်ရေးနယ်မြေများအတွင်းရှိသည့် မဲရုံများနှင့် စစ်သားရှိသည့်နေရာများတွင် ပြည်သူများအနေဖြင့် သွားလာခြင်း မပြုလုပ်ရန် အသိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article