26 C
Yangon

ဝက်လက်နှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၇ မိန်စခန့်တွင် ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို တံတားဦးလေတပ်တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်တာ ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပေါက်ကန်ဘူတာရွာတွင် နေထိုင်သော အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး ၊ ‌အသက် ၇၀ အရွယ် ဒေါ်မြ ၊ အသက် ၄ဝ နှစ်အရွယ် ဒေါ်သင်းကြိုင်နှင့် အသက် ၆၀ နှစ် အရွယ် ဒေါ်တင်တင်ဌေးတို့ ၄ ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ၄ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် နှင့် ကားတချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ် တောင်ခြမ်းက ပေါက်ကန်ဘူတာရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တံတားဦးလေတပ်က တက်လတဲ့ စစ်ခွေး ဂျက်ဖိုက်တာ ၂ စီး ဒီနေ့ နံနက်ပိုင်းမှာ ပေါင် ၃၀၀ ဗုံး ၃ လုံးကျဲချတိုက်ခိုက်သွားတာ ကျနော်တို့ သိရတာက ၂ လသား ကလေးငယ် ၁ ဦး ၊ ‌အသက် ၇၀အရွယ် ဒေါ်မြနဲ့ အသက် ၆၀ အရွယ် ဒေါ်တင်တင်ဌေး တို့ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေနဲ့ ကားတချို့လည်း မီးလောင်ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဝက်လက်မြို့နယ်တွင်လည်း မြစ်ကြောင်းအတွင်း ကျောက်ချ ရပ်နားထားသော သံခွန် ၁ စီးကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခန့်အချိန် စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း သဲအင်းရွာနှင့် ကြက်တူရွေးရွာတို့တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က မြစ်ကြောင်းအတွင်း ကျောက်ဆူးချ၍ ရပ်နားထားသော ပြည်သူ သံခွန် ၁ စီး ဒရုန်းဖြင့် ၈၁ မမ ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြစ်ကြောင်းအတွင်း သွားလာနေသော ပြည်သူပိုင် မော်တော်များနှင့် စက်လှေငယ်များကိုလည်း လက်နက်ငယ်များ၊ စက်လက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြက်မောက်ရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် မြိုင်မြိုနယ်၊ ကြက်မောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article