ရန်ကုန်၊ ဇန်နဝါရီ ၈
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်တချို့ မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၆ နာရီ ၃၆ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသော Yak-130 တိုက်လေယာဉ်ဥဖြင့် Rocket ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဆောင် တချို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ ဗုံးကျဲသွားတာပါ။ ထိခိုက်ဒဏ်ရာရတဲ့ ဘုန်းကြီးနဲ့ ကိုရင်ကတော့ မစိုးရိမ်ရပါ ဘူး။ ဘုန်းကြီးကျောင်းဝန်းထဲက စက်တဲ က ရစရာမရှိအောင် ပျက်စီးသွားတယ်။ ကျောင်းမကြီးအမိုး ပြိုကျတယ်။ သောက်ရေအိုးစင်လည်း ပြို သွားတယ်၊ အဆောင်အချို့မီးလောင်နေတာ အခုပိုင်းအထိ ပဲ” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်များက ကလေးမြို့နယ်ဘက်မှ လှည့်ပတ်ပျံသန်းလာကာ အခြားနေရာ များကိုလည်း ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်းဇာကျေးရွာဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က Y12၊ ဂျက်ဖိုက်တာ တို့ဖြင့် ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် ဂန့် ဂေါမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ် နိုင်ရန် ဗုံးခိုကျင်းများ မဖြစ်မနေတူးထားကြရန်နှင့် လေကြောင်းအန္တရာယ် သတိပေးချက် များကို လိုက်နာပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၆ နာရီ ၃၆ မိနစ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြောင့် မီးလောင်၊ ပျက်စီးသွားသော မြင်းဇာဘုန်းကြီးကျောင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








