မကွေးတိုင်း၊ ကံမမြို့နယ်၊ ပြည်-ကံမ လမ်းပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင် လိုက်ပါလာသော ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ ဇော်မင်းနိုင် အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကံမမြို့နယ်၊ ပြည်-ကံမလမ်းပိုင်း၌ အထွေ ထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင် လိုက်ပါလာသောကား နှင့် jammer တပ်ဆင်ထားသော Double-Cub ကား ၁ စီးသည် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ ပြုလုပ်နေသော မဲရုံများကို လိုက်လံစစ်ဆေးရန် လာရောက်စဉ် ပြောင်ကျကျေးရွာနှင့် ပယ်ကျကျေးရွာ အကြားတွင် ကံမမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုဖြစ်စဥ်တွင် အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နှင့် ၎င်း၏ တပည့်ဖြစ်သူ ယာဉ် မောင်း သန့်ဇင်အောင် အပါအဝင် အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နှင့် ၎င်း၏ တပည့်ဖြစ်သူ ယာဉ် မောင်း သန့်ဇင်အောင်ကို စစ်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဇော်မင်းနိုင်နှင့် သန့်ဇင်အောင် တို့ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စစ်သားများ၏ အခြေအနေကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သူတို့ ပစ်ခတ်ခံရတာက ရွေးကောက်ပွဲလုပ်နေတဲ့ မဲရုံတွေကို သွားစစ်နေတုန်း ပစ်ခံရတာ ဇော်မင်းနိုင်ကတော့ ပွဲချင်းပြီးသေတာမဟုတ်ဘူး။ ဆေးရုံအရောက်မှ သေတာပါ။ သူတို့ ထွက်လာမှာကို သတင်းကြိုရပြီး တော်လှန်ရေးတပ်တွေက သွားရောက် စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပေါ့။ စစ်ခွေးတွေက ပြည်-ကံမ လမ်းပိုင်းကို စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်။ လမ်းပိုင်းလုံခြုံရေးဆိုပြီး ရှင်းလင်းရေးလုပ်မယ်ထင်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




