27 C
Yangon

အမေရိကန်သမ္မတထရမ့်ကို “ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားအမြတ်ထုတ်သူများကို ကာကွယ်ပေးသူ” ဟု အော် ဟစ်ခဲ့သည့် Ford ကားစက်ရုံ အလုပ်သမားကို အလုပ်မှ ဆိုင်းငံ့၊ သမ္မတထရမ့်ကလည်း လက်ခလယ်ထောင်၍ အလုပ်သမားကို တုံ့ပြန်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အမေရိကန်သမ္မတထရမ့်ကို “ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားအမြတ်ထုတ်သူများကို ကာကွယ်ပေးသူ” ဟု အော် ဟစ် ခဲ့သည့် Ford ကားစက်ရုံ အလုပ် သမားကို အလုပ်မှ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်မှ လာသော သတင်းများအရ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ အင်္ဂါနေ့၊ မစ်ချီဂန်ပြည်နယ်ရှိ Ford ကားထုတ်လုပ်သော စက်ရုံသို့ အမေရိကန်သမ္မတထရမ့်က သွားရောက်လေ့လာခဲ့ပြီး ယင်းသို့ လေ့လာစဉ် အသက် ၄၀ အရွယ်ရှိ အလုပ်သမား TJ Sabula က သမ္မတ ဒေါ်နယ်ထရမ့်ကို “ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား အမြတ်ထုတ်သူများကို ကာကွယ်ပေးသူ” (Pedophile protector) ဟု အော်ဟစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် သမ္မတထရမ့်ကလည်း သူ့ကို ထိုသို့ အော်ဟစ်ခဲ့သော အလုပ်သမားကို လက်ခလယ် ထောင်ပြ၍ ပြန်လည် တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် Ford ကားစက်ရုံက အလုပ်သမား TJSabula ကို ထိုသို့ သမ္မတကို အော်ဟစ်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးရန် အလုပ်မှ ဆိုင်းငံ့လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အလုပ်ဆိုင်းငံ့ခံရသော TJ Sabula က “ထရမ့်ကို အခုလိုထုတ်ဖော်ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ နောင်တ ရတာ လုံးဝမရှိပါဘူး” ဟု Washington Post သတင်းစာသို့ ပြောကြားခဲ့ပါသည်။

သမ္မတထရမ့်ကို အရှက်ရစေခဲ့သည့်အတွက် “နိုင်ငံရေးအရ လက်တုံ့ပြန်မှု” အနေဖြင့် ပစ်မှတ်ထားခံရနိုင်ကြောင်း သူက ဆိုသည်။

“ကံကြမ္မာက ကိုယ့်ဆီရောက်လာတဲ့အခါ အခွင့်အရေးကို အရယူနိုင်ဖို့ ပြင် ဆင်ထားရမယ်၊ ဒီနေ့မှာ ကျွန်တော် အဲဒီလိုလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်” ဟု Ford ကားစက်ရုံအလုပ်သမား TJ Sabula က ဆိုသည်။

TJ Sabula က ၎င်းအနေဖြင့် နိုင်ငံရေးအရ လွတ်လပ်စွာရပ်တည်သူ အဖြစ် ပြောဆိုပြီး သမ္မတထရန့်ကို မဲမပေးခဲ့သော်လည်း အခြားရီပတ်ဘလီကန်အမတ်လောင်းများကို ထောက်ခံခဲ့ဖူးသည်ဟု ပြောဆိုသည်။

အမေရိကန်သမ္မတ အိမ်ဖြူတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူး Steven Cheung ကမူ “လူတစ်ယောက်က ဒေါသတကြီးနဲ့ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်နေခဲ့တာဖြစ်ပြီး သမ္မတက သင့်တော်ပြတ်သားတဲ့ တုံ့ပြန်မှုပေးခဲ့တာပါ” ဟု ကာကွယ်ပြောဆိုခဲ့ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article