25 C
Yangon

ထီးလင်းနှင့် ရေးမြို့နယ်တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Yaw Revolution Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အောင်ကျော်မင်းသည် ဂန့်ဂေါခရိုင်တပ်ရင်း YRA ထီးလင်းထံသို့ MA-3 သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်ကို ဆုကြေးငွေချီးမြင့်ပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ် က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရေးမြို့နယ် စကခ ၁၉ လက်အောက်ခံ မော့ကနင်ကျေးရွာအနီးရှိ ခမရ ၅၈၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ (၃၃) ၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် ကျည်ဘောက် ၂ ခုနှင့် ကျည် ၁၀၀ တောင့်တို့ ယူဆောင်လာကြောင်း၊ ထို စစ်မှုထမ်း တပ်သားသစ် ၃ ဦးမှာ တပ်သားကျော်ဝင်းထွဋ်၊ တပ်သားရဲကိုလတ်နှင့် တပ်သားမင်းအာကာ တို့ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းခံရကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း၌ စစ်မှုထမ်း အပတ်စဥ် ၁၆ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်းနှင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသော စစ်မှုထမ်း တပ်သားများ အနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ကြရန် Ye Guerrilla Force-ရေးပြောက်ကျားတပ် တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်က အသိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article