26 C
Yangon

စစ်ကိုင်းမြို့နယ် မြသိန်းတန်စေတီနှင့် မင်းကွန်း ရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာတစ်ခုကို ရှင်းလင်းနိုင်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်စေတီနှင့် မင်းကွန်းရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဘန်ကာ တစ်ခုကိုရှင်းလင်းနိုင်ခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်း မြသိန်းတန် စေတီတော်နှင့် မင်းကွန်း ရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်၏ ဘန်ကာတစ်ခုကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ နယ်မြေ အနေအထားအရ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ကျနော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုလို့မရပါဘူး။ မြသိန်းတန်စေတီနဲ့ မင်းကွန်းရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ခွေးနဲ့ ပျူခွေးတွေကို တပြိုင်တည်း အလစ်ငိုက် ဝင်ရောက်တိုက်ခဲ့တာပါ။ စစ်ခွေး ဘန်ကာ ၁ လုံးကိုတော့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ ကျနော်တို့ နယ်မြေအနေအထားအရ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိတဲ့အတွက် ရဲဘော်တွေ အထိခိုက်နည်းဖို့ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မူကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့်အတူ Mingun PDF ၊ မင်းကွန်းတိုက်နယ် ပကဖ၊ ပလဖနှင့် people servant force ၊ ရတနာပုံတပ်ဦး ၊ Nomore Dictatorship(NMD) ၊ GS Force ၊ ဉဒေါင်းမင်း၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လယ်သမားတော်လှန်ရေးအဖွဲ့ (FRF)၊မဟူရာရွှေဘိုသားPDFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး No More Dictatorship People Defence Force- NMD အဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article