29 C
Yangon

ဖလမ်း၊ မြိုင်နှင့် ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ Khuangli ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်း ၊ ထို့ပြင် ကျေးရွာနေပြည်သူများသည် လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ စစ်ခွေးတွေက လေယာဉ်ဖြင့် ဗုံးကျဲသွားတာ နေအိမ်တွေ ပျက်စီးတာတော့ ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက်တိုက် လေ ယာဉ်ဖြင့် ၁၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၄ စီး၊ မုံရွာ နမခ မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၂ စီး တို့က မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေ အနေနှင့် နေအိမ်ပျက်စီးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေလည်း ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး အဆက်အသွယ်တွေ ပြတ်တောက်နေလို့ ထိခိုက်မှု အခြေအနေကို မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ် မြောက်ပိုင်းရှိ ညောင်ကုန်းရွာ၊ သက္ကယ်ကျင်းရွာနှင့် ကိုင်းပြင်ရွာဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article