25 C
Yangon

မြ၀တီမြို့တွင်းမှ KNA တပ်များကို ထွက်ခွာရန် စစ်တပ်က အမိန့်ပေးမှု ပြင်းထန်လွန်း၍ မကျေလည်မှုများ ဖြစ်လာနိုင်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းမှ KNA တပ်များကို ထွက်ခွာရန် စစ်တပ်က အမိန့်ပေးမှု ပြင်းထန်လွန်းသော အမိန့်တစ်ခုဖြစ်ပြီး နှစ်ဖက် မကျေလည်မှုများဖြစ်နိုင်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ တပ်မ ၂၂ တပ်မမှူးက KNA ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားပေးခြင်းမရှိသည့်အတွက် မြို့ပေါ်တွင် နေထိုင်ခွင့်မပြုရန် ညွှန်ကြား ချက်များရှိကြောင်း၊ ထို့ကြောင့် KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူများအနေဖြင့် မြ၀တီမြို့မှ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံး ထွက်ခွာရန် သတိပေးလာကြောင်း သိရှိရသည်။

“မြ၀တီက ထွက်ရမယ်ဆိုတာကတော့ KNA ဘက်က လက်ခံဖို့ ခက်နိုင်တယ်။ တကယ် တမ်းမြ၀တီကို ထိန်းပေးခဲ့တာက ဗိုလ်ချစ်သူတို့အဖွဲ့ပဲ။ အခု KNA ဘက်တံဆိပ်ပြောင်းလို့ မြ၀တီက ထွက်ခိုင်းတာက နှစ်ဖက် မညှိရင် မကျေမလည်ဖြစ်နိုင်တယ်။ ဒါပေမယ့် ရွှေကုက္ကိုလ်မှာတော့ နှစ်ဖက်တပ်တွေ အဆင်ပြေပြေရှိကြတော့ KNA ကလည်း ရွှေကုက္ကိုလ်ထဲကနေ စစ်တပ်ကို ပြန်ထွက်ခိုင်းတာမျိုးဖြစ်လာနိုင်တယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KNA ဘက်တံဆိပ်ပြောင်းပြီးနောက် KNA နှင့် စစ်တပ်လက်အောက်ခံ အောက်ခြေတပ်များမှာ ပြဿနာမရှိဘဲ ပူးတွဲနေထိုင်ကြသော်လည်း ယခုထွ့က်ရှိလာသော တပ်မ ၂၂ တပ်မမှူး၏ ညွှန်ကြားချက်ကြောင့် မကျေလည်မှုများ ဖြစ်လာနိုင်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

“အမှတ် ၂၇၅ တပ်ရင်းကို အတိုက်ခံရရင် မြ၀တီမြို့ကို လေယာဉ်နဲ့ ဗုံးကျဲမယ်။ ပွိုင့်နေရ ၁၈ ခု သတ်မှတ်ထားတယ်ဆိုတာကတော့ ခြိမ်းခြောက်မှုလို့မြင်တယ်။ ကျနော့်အမြင်တော့ KNA က ၂၇၅ ကို တိုက်စရာ ဘာမှ မရှိဘူး။ တိုက်လည်း တိုက်မှာမဟုတ်ဘူး။ တိုက်တဲ့ အဖွဲ့တွေ လက်ထဲကတောင် ပြန်ယူပြီး ဗိုလ်ချစ်သူက စစ်တပ်လက်ထဲ ပြန်ထည့်ပေးခဲ့တာပဲ” ဟုကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က မြ၀တီမြို့ လုံခြုံရေးအတွက် DKBA ၊ KNU/KNLA-PC တပ်များက မြ၀တီမြို့ လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မြ၀တီမြို့တွင် တည်ရှိနေသော DKBA ၊ KNU/KNLA-PC တပ်ဖွဲ့ဝင်များ၏ တပ်တည်တပ်ဖြန့် တည်နေရာနှင့် စစ်သည်တစ်ဦးချင်းစီ၏ အည်၊ ဓာတ်ပုံများကို ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးပေးပို့ရန်၊ တပ်ဖွဲ့ဝင်အယောင် ဆောင်များကို စစ်တပ်က စိစစ်အရေးယူဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဖြစ်သည်ဟု တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့ BGF တပ်တချို့ က KNA သို့ ဘက်တံဆိပ်ပြောင်းသွားပြီးနောက် BGF တပ်ရင်းတပ်ဖွဲ့များတွင် တွဲဖက်ထားသော စစ်တပ်အရာရှိများ၊ စစ်သည်များနှင့် မိ သားစုဝင်များအားလုံးကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြန် လည်ခေါ်ယူခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article