ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာစစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို မထောက်ခံဘူးလို့ အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကပါ တရားဝင် ထုတ်ဖော်ပြောဆိုလာပြီး ၊ စစ်တပ်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
- မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ကျေးရွာထဲ ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်ပြီးတော့ မဲရုံပါဆောက်ပြီး “လာရဲတဲ့ PDF လာခဲ့”လို့ စိန်ခေါ်ထားတဲ့ စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် မြင့်စိန်တို့ လင်မယား ကို သူတို့စိန်ခေါ်ထားတဲ့ PDF ရဲဘော်တွေကပဲ သွားရောက် ပစ်ခတ်ရှင်းလင်း လိုက်ရာမှာ ၂ ဦးစလုံးပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ မကွေးတောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်မှာ အကြမ်းဖက် စစ်တပ်ဘက် စစ်သုံ့ပန်းစစ်သားတွေနဲ့ မိသားစုတွေ ထားရှိရာ နေရာကို စစ်တပ်ကပဲ သူ့လူတွေပေါ်ပြန်ပြီး လေယာဉ်နဲ့ဗုံးကျဲမှုအတွင်း စစ်သားတွေ နဲ့ စစ်သားမိသားစုတွေထဲက ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေအပါအဝင် စစ်သုံ့ပန်း ၂၁ ဦးသေဆုံးခဲ့တဲ့အပေါ် အဘ မင်းအောင်လှိုင် က စစ်သုံ့ပန်းတွေကို သတ်ပစ်ချင်လောက်တဲ့အထိ မုန်းနေတာလားလို့ ကလေးငယ် သေဆုံးခဲ့ရတဲ့ စစ်သားမိန်းမ ၁ ဦးက မေးခွန်းထုတ်ပြောဆိုလိုက်ပါတယ်။
- အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ ထပ်ပြီး မြင့်တက်လာပြီး အမေရိကန်က ရေတပ် အင်အားစုကို ပါရှန်းပင်လယ်ကွေ့ဆီ စေလွှတ်လိုက်တဲ့အချိန်မှာပဲ တစ်ဖက်က အီရန်ဗိုလ်ချုပ်ကြီး ကလည်း သူလည်းပဲ သေနတ်ခလုတ်ပေါ်ကို လက်တင်ထားပြီဆိုပြီး တုံ့ပြန်သတိပေးလိုက်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




