32 C
Yangon

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်သွားပြီး ဒေါ်လာ ၅၀၈၇ ဒသမ ၆၂ ဒေါ်လာရှိကြောင်း၊ ကမ္ဘာ့ရွှေစျေးမြင့်တက်၍ မြန်မာ့ရွှေလိုက်ပါ စျေးတက်ခြင်းဖြစ်သော်လည်း စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို ကြောက်လန့်၍ ရွှေဆိုင်တချို့နှင့် ရွှေကုန်သည်များ အလုပ်ယာယီရပ်နားထားကြကြောင်း သိရှိရသည်။

“ကမ္ဘာ့စျေးက နိုင်ငံတကာမှာ အမေရိကန်အပေါ်ယုံကြည်မှု ကျတာနဲ့ အမေရိကန်ဘွန်းတွေ ထုတ်ရောင်းပြီး ရွှေဝယ်ကြတယ်။ အဲဒီဂယက်။ နောက်တစ်ခါ အီရန်ကို တိုက်မယ်တကဲကဲ ဖြစ်တာတွေလည်းပါတယ်။ ရွှေအပေါ်ကို ကမ္ဘာ့စျေးကွက်က အားထားပြီး ဝယ်ကြတော့ ကမ္ဘာ့စျေးတက်တယ်လို့ စီးပွားရေးသုံးသပ်ချက်တွေရှိတယ်။ ကမ္ဘာ့စျေးတက်တော့ မြန်မာ့ရွှေစျေးလည်းတက်တယ်။ ဒါပေမယ့် ဒေါ်လာစျေးက သိပ်မတက်တော့ အရမ်းကြီး ထိုးတက်တာမျိုးမရှိဘဲ တအိအိပဲတက်လာတာ။ စျေးတက်လာရင် အစစ်အဆေးကြောက်တော့ အကုန် နားထားကြတယ်။ မီးလင်းရွှေစျေးကွက်တောင် လူသိပ်မရှိလှဘူး။ ရုံးခန်းအောက်မှာပဲ ထိုင်ပြီး စကားပြောပြန်ကြတာများတယ်” ဟု ရန်ကုန်အခြေစိုက် ရွှေကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။

လတ်တလော အမေရိကန်ဒေါ်လာစျေးမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၃၀ ကျပ်ဝန်းကျင်တွင် စျေးပေါက်လျက်ရှိပြီး ဒေါ်လာဝယ်ရောင်းအများစုမှာလည်း အဖမ်းအဆီးများကြောင့် အလုပ်များ ရပ်နားနေကြကြောင်း သိရှိရသည်။

“ဒေါ်လာရော ရွှေရော အဖမ်းအဆီးကြောက်လို့နားကြတယ်။ ဒေါ်လာကတည်း ဘဏ်အကောင့်တွေပိတ်၊ USDT ဆက်စပ် အကောင့်တွေပိတ်ဆိုတော့ အလုပ်တွေက ခပ်ကျဲကျဲနဲ့ ရပ်ကုန်တယ်” ဟု ဒေါ်လာဝယ်ရောင်းသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရွှေစျေးတက်လျှင် ရွှေကုန်သည်များနှင့် ရွှေဆိုင်များကို ဖမ်းဆီးခြင်း၊ ဒေါ်လာစျေးတက်လျှင် ဒေါ်လာဝယ်ရောင်း များကို လိုက်လံ ဖမ်းဆီးခြင်းများ မကြာခဏ ဆိုသလို လုပ်ဆောင်လေ့ရှိကြောင်း ရွှေနှင့်ဒေါ်လာကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article