31 C
Yangon

မြိုင်မြို့နယ် လင်းကတောရွာရှိ စစ်တပ်စခန်း တိုက်ခိုက်ခံရမှု စစ်သားများ ထိခိုက်မှုရှိ၊ မြိုင်-ပခုက္ကူ မြို့နယ်အစပ်ကိုလည်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း MPLမြောက်ပိုင်းဇုန်-(မြိုင်-ပကဖ) က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မြိုင်မြို့နယ်၊ လင်းကတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း၊ ရော့ကတ်များဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း စစ်ဘေးရှောင်ပြည်သူများနေထိုင်သော တောတဲများကို မီးရှို့ဖျက်ဆီးနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် သစ်ပုလွေကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ပုလွေကုန်းရွာနှင့် သာစည်ကျေးရွာ အကြားရှိ တွင်းမကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများ အပါအဝင် သစ်ပုလွေကုန်းရွာ၊ သာစည်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက စစ်ရှောင်တဲတွေကိုပဲ မီးရှို့သွားတာလို့ သိရတယ်။ ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာ မရှိဘူးလို့တော့ သိထားရတယ်။ စစ်ခွေး စစ်ကြောင်းက ဘယ်ကို ဆက်လက်ထွက်ခွာမလဲဆိုတာတော့ မသိရသေးဘူး” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တွင်းမစစ်ရှောင်တောတိုက်များ၊ သာစည်စစ်ရှောင်တောတိုက်များနှင့် နှမ်းဆီကန်စစ်​ရှောင်တောတိုက် များမှ ပြည်သူများ သတိပြုနေထိုင်ကြရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – ယခု လပိုင်းအတွင်း မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးခဲ့သော ပြည်သူပိုင်နေအိမ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article