24 C
Yangon

လွိုင်ကော်မြို့မှ လွိုင်လင်လေးမြို့ဘက်သို့ ကင်းပတ်ထွက်လာသော စစ်ကားတစ်စီးကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်မှူး အောင်မျိုးခန့်အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်နီပြည်၊ လွိုင်ကော်မြို့မှ လွိုင်လင်လေးမြို့ဘက်သို့ ကင်းပတ်ထွက်လာသော စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအောင်မျိုးခန့်အပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကရင်နီ တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်က လွိုင်ကော်မြို့မှ လွိုင်လင်လေးမြို့ဘက်သို့ ကင်းပတ် ထွက်လာသော စစ်ကားတစ်စီးကို လွိုင်လင်းမြို့နယ်၊ ကျောက်ကြီးရွာအနီးအရောက် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၂၅ နှစ်အရွယ် ဗိုလ်မှူး အောင်မျိုးခန့် အပါ အဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လွိုင်ကော်မြို့ကနေ ထွက်လာတဲ့ ကင်းပတ်ကားကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက် ခိုက်တာ၊ MA လက်နက် ၂ လက်လည်းရတယ်။ ကိုယ့်ဘက်က အထိအခိုက်မရှိဘူး။ ဗိုလ်မှူးသေတာ ကို နာရေးဖိတ်တာတောင် လူအကန့်အသတ်နဲ့ဖိတ်ပြီး သင်္ဂြိုလ်တာပါ။ ဗျူဟာမှူးလည်းပါတယ်လို့တော့ ပြောတယ်။သက်ဆိုင်ရာတပ်ဖွဲ့တွေက အတည်ပြုထုတ်ပြန်ပါလိမ့်မယ်” ဟု ကရင်နီတော်လှန်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။

သေဆုံးသွားသော ဗိုလ်မှူးအောင်မျိုးခန့် အပါအဝင် အရာရှိ အကြပ်တပ်သား ၅ ဦး၏ ရုပ်အလောင်း များကို လွိုင်ကော်မြို့သို့ ကောက်ယူသယ်ဆောင်သွားသော်လည်း ကျန် စစ်သား ၁၀ ဦးကို တိုက်ခိုက် ခံရသည့်နေရာအနီးမှာပင် မြေမြှုပ်သင်္ဂြိုလ်ထားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လွိုင်ကော်မြို့မှ လောပိတအထွက်လမ်းမပေါ် ရှိ ၄ မိုင် သင်္ချိုင်းတွင် ဗိုလ်မှူးအောင်မျိုးခန့် အပါအဝင် စစ်သား ၅ ဦး၏ ရုပ်အလောင်းများကို သင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီတွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီတွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article