ရန်ကုန်၊ ဇူလိုင် ၁၂
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နှင့်ပတ်သက်ပြီး တရားစွဲထားမှုတွင် ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဟု မြန်မာနိုင်ငံဘက်က ကန့် ကွက်ထားမှုအပေါ် လာမည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ICJ တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း ICJ က တရားဝင် ထုတ်ပြန်သည်။
အဆိုပါဆုံးဖြတ်ချက် ချမှုကို ဇူလိုင်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့် UN Web TV ၊ ICJ Website အပါအဝင် တိုက်ရိုက် ထုတ်လွှင့်မှုများမှတစ်ဆင့် အမှုဆုံးဖြတ်ချက်ကို စောင့်ကြည့်နိုင်ကြောင်း ICJ က ထုတ်ပြန်သည်။
ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်တွင်မူ မင်းအောင်လှိုင် ခန့်အပ်ထားသော ကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သိရှိရသည်။