27 C
Yangon

အီရန်၏ တန်ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သည် ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ အမေရိကန်အစိုးရက အမေရိကန်ပြည်သူကို ရှင်းပြရမယ့် အခြေအနေရောက်လာ

Must read

ရန်ကုန်၊ မတ် ၂

အီရန်၏ တန်ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သည် ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားကာ အမေရိကန်အစိုးရက ပြည်သူကို ရှင်းပြရမယ့် အခြေအနေ ရောက်ရှိလာပါတယ်။

အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးအတွင်းမှာ အမေရိကန်စစ်သည် ၃ ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်ဘက်က အတည်ပြုလိုက်ပါတယ်။

နောက်ထပ် ၅ ဦးကတော့ ဗုံးဆန်မှန်တာနဲ့ ဦးနှောက်တုန်ခါတဲ့ ဒဏ်ရာတွေ ရထားပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရပေမဲ့ မကြာခင် တာဝန်ပြန်ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ပထမနေ့တုန်းကတော့ အသေအပျောက် မရှိဘူးလို့ အရာရှိတွေက အခိုင်အမာ ပြောခဲ့ကြတာပါ။ အခုတော့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ မဲဆွယ်တုန်းက “စစ်မတိုက်တဲ့ သမ္မတ” ဖြစ်ရမယ်ဆိုတဲ့ မူဝါဒနဲ့ မဲဆွယ်ခဲ့တာပါ။

ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း အလားတူ အမြင်မျိုး ရှိသလို၊ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူးလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) ဆိုရင်လည်း အရင်က အီရန်နဲ့ စစ်ဖြစ်မှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အဲ့ဒီ စစ်သည် ၃ ဦး ဘယ်နေရာမှာ သေဆုံးခဲ့တာလဲဆိုတဲ့ အသေးစိတ်ကိုတော့ အခုထိ ထုတ်မပြောသေးပါဘူး။ အကြောင်းပြချက်ကတော့ နေရာအတိအကျကို ပြောလိုက်ရင် အီရန်ဘက်က သတင်းအချက်အလက် ရသွားပြီး အဲ့ဒီနေရာမှာရှိတဲ့ တခြား အမေရိကန် စစ်သည်တွေကို ထပ်တိုက်ခိုက်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။

နောက်ပြီးတော့ ပင်လယ်ကွေ့ထဲမှာရှိတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln အတိုက်ခံလိုက်ရပြီဆိုတဲ့ ကောလာဟလတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ တစ်နာရီလောက် ပျံ့သွားပါသေးတယ်။ ဒါပေမဲ့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (US Central Command) ကတော့ ဒါကို ချက်ချင်း ငြင်းဆိုလိုက်ပါတယ်။

အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခဲ့တာ မှန်ပေမဲ့ လေယာဉ်တင်သင်္ဘောဆီ မရောက်ဘဲ အဝေးမှာတင် ကျသွားခဲ့တာဖြစ်ပြီး သင်္ဘောပေါ်ကနေ အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ လေယာဉ်တွေ ဆက်လက် စေလွှတ်နေဆဲပဲလို့ သိရပါတယ်။

အမေရိကန်-အစ္စရေး နှင့် အီရန် တိုက်ခိုက်မှုများအတွင်း ထိခိုက်သေဆုံးမှု အခြေအနေပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်၊ အစ္စရေးနဲ့ တခြား အာရပ်နိုင်ငံအတော်များများမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

လက်ရှိ တိုက်ခိုက်မှုဒဏ် ခံနေရတဲ့ နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းတွေအရ နိုင်င်ငံအလိုက် ထိခိုက်သေဆုံးမှုတွေဟာ အီရန်မှာဆိုရင် သေဆုံးသူ၂၀၁ ဦး ဒဏ်ရာရသူ ၇၄၇ ဦး၊ အစ္စရေး (Israel)မှာ ၉ ဦး သေဆုံးပြီး ၁၂၁ ဦး ဒဏ်ရာရရှိထားပါတယ်။

ယူအေအီး (UAE)နိုင်ငံမှာတော့ ၃ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှထားပါတယ်။ အီရတ် (Iraq)မှာတော့ ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရပါတယ်။

ကူဝိတ် (Kuwait)မှာတော့ ၁ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရပါတယ်။ ကာတာ (Qatar) မှာဒဏ်ရာရသူ ၁၆ ဦး၊ အိုမန် (Oman)မှာ ဒဏ်ရာရသူ ၅ ဦး၊ ဘာရိန်း (Bahrain) ဒဏ်ရာရသူ ၄ ဦးရှိပြီး ဂျော်ဒန် နှင့် ဆော်ဒီအာရေဗျ နိုင်ငံများတွင်လည်း တိုက်ခိုက်မှုများ ရှိနေသော်လည်း အရေအတွက် အတိအကျ မသိရသေးပါဘူး။

ဓာတ်ပုံ- အီရန်၏ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article