32 C
Yangon

မောတောင်မြို့ အမှတ် ၁ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၆

တနင်္သာရီတိုင်း၊ မောတောင်မြို့ အမှတ် ၁ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မောတောင်မြို့ အမှတ် ၁ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာအပြင်ကို ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“မော့တောင်ဒေသ အမှတ် ၁ ရွာကို စစ်ခွေး‌တွေ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ ရွာပြင်နားကိုပဲ ဗုံးကျတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလမှာ ၃ ရက်ခန့်သာကြာမြင့်ခဲ့ကာ KNU/KNLA ဦးဆောင်မှုနှင့်အတူ မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃၊တပ်ရင်း ၁၁ ၊KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပါဝင်ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်ကလည်း မောတောင်မြို့ဘက်ကို စစ်ကူ အမြောက်အများ ပို့ဆောင်၍ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article