30 C
Yangon

ဖိလစ်ပိုင်တွင် ကျင်းပနေသည့် အာဆီယံအစည်းအဝေးတွင် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုသာ အာဆီယံက ဆက်လက်ကိုင်စွဲထားဟု ပြော

Must read

ရန်ကုန်၊ မေ ၆

ဖိလစ်ပိုင်တွင် ကျင်းပနေသည့် အာဆီယံအစည်းအဝေးတွင် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုသာ အာဆီယံက ဆက်လက်ကိုင်စွဲထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ဒုတိယလက်ထောက်အတွင်းဝန်နှင့် အာဆီယံ ၂၀၂၆ ပြောရေးဆိုခွင့်ရှိသူ Dominic Xavier Imperial က ယနေ့ အတည် ပြုပြောကြားလိုက်သည်။

ယနေ့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် အာဆီယံထိပ်သီးအစည်းအဝေးများ စတင်ကျင်းပနေပြီး ယင်းအစည်းအဝေးတွင် မြန်မာ နိုင်ငံ၌ မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန်နှင့် ပတ်သက်၍ အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများအကြား ယနေ့အထိ ဘုံသဘောတူညီချက် (Consensus) မရရှိသေးကြောင်း သိရှိရသည်။

“လက်ရှိအချိန်မှာ မြန်မာ့ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး အာဆီယံအတွင်း ဘာသဘောတူညီချက်မှ မရရှိ သေးပါဘူး” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ဒုတိယလက်ထောက်အတွင်းဝန်နှင့် အာဆီယံ ၂၀၂၆ ပြောရေးဆိုခွင့်ရှိသူ Dominic Xavier Imperial က သတင်းထောက်များကို ပြောကြားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသော်လည်း လက်ရှိတွင် အခြေခံအကျဆုံးမူဝါဒဖြစ်သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (Five-point consensus) ကိုသာ ဆက်လက်ကိုင်စွဲထားပြီး၊ ၎င်းကို အကောင်အထည်ဖော်နိုင်မည့် အနာဂတ်ဖြစ်ပေါ်တိုးတက်မှုများကိုသာ အဓိကထား စောင့်ကြည့်နေကြောင်း ရှင်းပြသည်။

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် မင်းအောင်လှိုင်က “သမ္မတ” အဖြစ် ကျမ်းသစ္စာဆိုကာ ၎င်း၏အုပ်ချုပ်ရေးကို ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသော်လည်း၊ အာဆီယံအနေဖြင့် အဆိုပါ ရွေး ကောက် ပွဲရလဒ်များကို အသိအမှတ်ပြုရန် အဖွဲ့ဝင်နိုင်ငံများအကြား တညီတညွတ်တည်းဖြစ်သော ဆုံးဖြတ် ချက်မျိုး မချနိုင်သေးခြင်း ဖြစ်သည်။

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊

အစုအဖွဲ့အားလုံးကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများပြုလုပ်ရန်၊ အာဆီယံအထူးသံတမန်က ကြားဝင်စေ့စပ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်၊ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်ရန် စသည့်အချက်များ ပါဝင်သည်။

ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ရယူထားခြင်းဖြစ်သည်။ မူလက မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန် ယူရမည်ဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ပိတ်ပင်ကန့်သတ်ခံထားရသည့်အတွက် ဖိလစ်ပိုင်က အစားထိုးတာဝန်ယူနေရခြင်း ဖြစ်သည်။

ဓာတ်ပုံ- ယနေ့ ဖိလစ်ပိုင်တွင် ပြုလုပ်နေသည့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲမှ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ဒုတိယလက်ထောက်အတွင်းဝန်နှင့် အာဆီယံ ၂၀၂၆ ပြောရေးဆိုခွင့်ရှိသူ Dominic Xavier Imperial ။

Photo- Philippine Star ။

Department of Trade and Industry (DTI) Undersecretary Allan Gepty and Department of Foreign Affairs (DFA) Deputy Assistant Secretary for ASEAN Affairs and ASEAN 2026 Spokesperson Dominic Xavier Imperial, holds a press briefing at the International Media Center (IMC) in Mactan Cebu for the 48th ASEAN Summit and Related Meetings on Wednesday, May 6, 2026. (Noel B. Pabalate)During the briefing, Undersecretary Allan Gepty said that as ASEAN countries face rising fuel costs brought about by the conflict in t
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article