30 C
Yangon

ပုလဲ-ဂန့်ဂေါ လမ်းပိုင်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ၊ မင်းတပ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူ ၉၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့မှ ထွက်ခွာလာသော အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းနှင့် စစ်ကား ၁၇ စီးပါဝင်သော စစ်ကြောင်းက ယမန်နေ့ ညနေပိုင်းတွင် ပုလဲမြို့ပေါ်သို့ ဝင်ရောက်သွားကြောင်း၊ ထိုစစ်ကြောင်းသည် ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲ-ဂန့်ဂေါလမ်းပိုင်းကို ထပ်မံ စစ်ကြောင်းထိုးလာပြီး လက်ရှိချိန်တွင် ကုက္ကိုယ်ကုန်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ထိုစစ်ကြောင်းမှာ မင်းတိုင်ပင်ရွာမှ တဆင့် ဇီးဖြူကုန်းနှင့် အင်မထီး ပျူစောထီးကျေးရွာများကို ရိက္ခာပို့ရန် ဆက်လက် ထွက်ခွာလာနိုင်ကြောင်း၊ ထို စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများ သွားလာနိုင်ရန်အတွက် အိုင်းမရွာအနီးရှိ ပျက်စီးနေသော တံတား ၁ စင်းကို စစ်တပ်က ပြန်လည် ပြင်ဆင်နေကြောင်းသိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မြကုန်းရွာ၊ ကုက္ကိုကုန်းရွာ၊ လက်ပုကန်ရွာနှင့် နှောကန်ရွာများ အပါအဝင် ပုလဲမြို့မြောက်ဘက်ခြမ်းနှင့် အရှေ့တောင်ဘက်ခြမ်းတို့ရှိ ကျေးရွာများမှ ပြည်သူ ၉၀၀၀ ကျော်မှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခု စစ်ခွေးစစ်ကြောင်းက ပုလဲမြို့ကနေ မင်းတိုင်ပင်ရွာကို ဦးတည်နေပြီး အဲကနေ တဆင့် ဇီးဖြူကုန်း ပျူစောထီး ရွာကို ဦးတည်နိုင်တယ်လို့ သုံးသပ်မိတယ်။ အိုင်းမရွာအနီးက ကားတန်းဖြတ်ဖို့ တံတားကို ယခင်က တော် လှန်ရေးအဖွဲ့က ဖြတ်တောက်ထားတာကို အိုင်းမရွာသားတွေ တစ်အိမ်တစ်ယောက်ခေါ်ပြီး စစ်ခွေးတွေက ပြန်လည် ပြင်ဆင်နေတယ်လို့ ကြားသိရတယ်။ အခုကစစ်ခွေးစစ်ကြောင်းက ကုက္ကိုယ်ကုန်းရွာဘက်ကို ရောက်နေတယ်” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်ပြည်သူများသည်လည်း မိုးဦး နှမ်းနှင့် အခြားသီးနှံများ စိုက်ပျိုးရမည့် အချိန်တွင် လုပ် ငန်းခွင်သို့ ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း၊ အလားတူ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်ရှိ ရင်ပေါင်တိုင်ရွာတွင်လည်း အင်အား ၃၀၀ ခန့်ရှိသော စစ်တပ် စစ်ကြောင်းတစ်ကြောင်းသည်လည်း ကျေးရွာများကို ဆက်တိုက်ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။

အလားတူ မင်းတပ်မြို့နယ်နှင့် ဆောမြို့နယ်အစပ်ရှိ ကံကြီးပြင်လယ်ကျေးရွာ ရှေရှင်ပြင်လယ်ကျေးရွာ ၊ ကြန်တောကျေးရွာ၊ ရင့်ရဲ ကျေးရွာအနီးတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၉ ကြိမ်တိုင်တိုင် လေယာဉ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ စစ်တိုက်လေယာဉ် ၃ စီးက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့နယ် အစပ်ရှိ ကံကြီး ပြင်လယ် ကျေးရွာ ၊ ရှေရှင် ပြင်လယ်ကျေးရွာ ၊ ကြန်တောကျေးရွာ၊ ရင့်ရဲ ကျေးရွာအနီးတို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၉ ကြိမ်တိုင်တိုင် လေယာဉ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးတိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ကံကြီးပြင်လယ် ကျေးရွာ ၊ ရှေရှင် ပြင်လယ်ကျေးရွာ၊ ကြန်တောကျေးရွာ ရင့်ရဲ ကျေးရွာ အနီးကို စစ်ခွေးတွေက ဗုံးကျဲသွားတာပါ။ စစ်ခွေးတွေက ၉ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ရော့ကတ် ၃လုံးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပြည်သူတွေကတော့ အားလုံးနီးပါး စစ်ဘေးရှောင်နေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article