By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ရဲ့ အွန်လိုင်းတိုက်ရိုက် ထုတ်လွှင့်မှုကို ဖယ်ရှား ပိတ်ပင်လိုက် ပြီဖြစ်တယ်လို့ ကနေဒါ-အခြေစိုက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုကုမ္ပဏီ Castr က အတည်ပြု ပြောဆိုလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ ချင်းတွင်းမြစ် အတွင်းမှာရှိတဲ့ အလုံမင်းထောင့်- ဆိပ်ကမ်းကနေ ဆန်တက် လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရေယာဥ် ၂ စီးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ Chindwin GZ Defense Force တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ CG-DF တပ်ဖွဲ့ဆီကနေ သိရပါတယ်။
– အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ရဲ့ နာရေး ကိုတက်ရောက်ဖို့ ဖိတ်ကြားမှု အပါအဝင် ဂျပန်အစိုးရ ရဲ့ မြန်မာ့နိုင်ငံရေးအပေါ် မပြတ်မသား ရပ်တည်နေမှုကို ဂျပန် မြို့ကြီး ၈ မြို့မှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမယ့်သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။