27.1 C
Yangon

ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၅ လုံးပြာကျ၊ ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၅ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၇၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းသည် ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် မကျည်ပင်ပုရွာ ၊ နန်းတဲရွာ၊ ရွှေဒါးရွာ၊ ညောင်ပင်ရွာ ၊ ဇယမရွာ ၊ ဆင်ကြို့ရွာနှင့် ကြူရွာတို့မှ ပြည်သူ ၇၀၀၀ ကျော်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ညောင်ပင်ရွာ ကိုတော့ မီးရှို့သွားတယ်။ နေအိမ် ၇၅ လုံးကို မီးထဲပါသွားတယ်။ စစ်ခွေး စစ်ကြောင်းက ဧပြီလ ၂၄ ရက်နေ့က မီးရှို့ခဲ့တာပါ။ လက်ရှိမှာ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာ ၇ ခုက ပြည်သူ ၇၀၀၀ ကျော် တိမ်းရှောင်နေရတယ်။ စစ်ခွေး စစ်ကြောင်းက ကျောက်လှေးခါးရွာနဲ့ ပန်းတိုင်းခြုံ ရွာတို့မှာ ရှိနေသေးတယ်”ဟု ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ညောင်ပင်ရွာအနီးတွင်လည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော် ၂ ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article