28 C
Yangon

ပြင်ဦးလွင်တွင် သားဖြစ်သူ အောင်ပြည့်စုံ လုပ်ကိုင်နေသော ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှ လည်ပတ်

Must read

ရန်ကုန်၊ မေ ၁၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် သားဖြစ်သူ အောင်ပြည့်စုံ ကို လုပ်ပိုင်ခွင့်ချထားပေးခဲ့သော ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှက သွားရောက်လည်ပတ်ကြသည်။

အဆိုပါ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း သားဖြစ်သူ အောင်ပြည်စုံကို လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်သည်။

ယင်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို လုပ်ပိုင် ခွင့်ချထားပေးပြီးနောက် ယင်းအပန်းဖြေစခန်း စည်ကား ရေး၊ အပန်းဖြေစခန်း အဆင့်မြှင့်တင်ရေးတွင် ဝန်ကြီးဌာနများနှင့် နယ်မြေခံ ဌာနဆိုင်ရာများကို ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည်။

ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို အောင်ပြည့်စုံက လုပ်ပိုင်ခွင့်ရရှိပြီးနောက် အဆင့်မြင့်ခေတ်မီ 5D LED DIGITAL မှန်တံတား၊ ခေတ်မီ ကလေးကစားကွင်း၊ Jumping Cloud ၊ ကြိုးတံတား၊ အလှသစ်လုံးအိမ်၊ တောတွင်းလျှောက်လမ်း၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကူး ရန်နေရာများ၊ အဆင့်မြင့်ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များနှင့် ဒေသထွက် အစားအစာ စားသောက်ဆိုင်များ ၊ ဆင်လိမ္မာလေးများ၏ အလှပြကစားမှုများ၊ တေးဂီတ (Unplugged)ဖျော်ဖြေရေး အစီအစဉ်များ၊ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု အပန်းဖြေရာတွင် Buggy ယာဉ်ငယ်များဖြင့်လည်း လှည့်လည်ကြည့်ရှု အပန်းဖြေသည့် အစီအစဉ်များ ထည့်သွင်းခဲ့သည်။

မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့သည့် သားဖြစ်သူလုပ်ကိုင်နေသော ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) တွင် 5D LED မှန်တံတားကို လမ်းလျှောက်ခြင်း၊ ဆင်များ၏ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုခြင်း၊ Dinosaur Kingdom အတွင်းခင်းကျင်းထားရှိမှုများကို ဘာဂီယာဉ်ငယ်များဖြင့်လှည့်လည်ကြည့်ရှုပြီး Sky Cable Car ဖြင့်လိုက်ပါစီးနင်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါအပန်းဖြေစခန်းတွင် 5D Cinema ဆောက်လုပ်သွားမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့၏ အဓိက အထင်ကရ Land Mark နေရာအဖြစ် ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article