26 C
Yangon

ပခုက္ကူမြို့နယ်ရှိ ခလရ ၂၅၂ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ခဲယမ်းတိုက်ကို ထိမှန်ခဲ့ပြီး တပ်ပြေး ၇ ဦး ထွက်ပြေးလွတ်မြောက်၊ ဆိပ်ဖြူတွင်လည်း စစ်တပ် စစ်ကြောင်း မိုင်းနင်းမိပြီး ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခဲယမ်းတိုက်ကို ထိမှန်ခဲ့ပြီး တပ်ပြေး ၇ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ‌ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရှော့တိုက်ဒုံး ၁ လုံးသည် ခလရ ၂၅၁ တပ်ရင်းထဲရှိ ခဲယမ်းတိုက်ကို ထိမှန်ခဲ့ကာ တပ်ရင်းအတွင်းရုံးရင်းဆန်ခတ် ဖြစ်ပွားပြီး လျှပ်စစ်မီးများချက်ခြင်း ပိတ်ချခဲ့သောကြောင့် တပ်ပြေး ၇ ဦးလည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

“အဲတပ်ရင်းမှာက စစ်ခွေး အင်အား ၁၀၀ လောက်ပဲရှိမယ်။ စစ်ခွေးသေစာရင်းကတော့ မသိရသေးဘူး။ ကျနော်တို့ ရှော့တိုက်ဒုံးနဲ့ ပစ်ပြီးတဲ့ နောက်မှာ တပ်ရင်းထဲကနေ တပ်ပြေး ၇ ဦးလည်း ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ထပ်သိရတယ်။ ဘယ်အဖွဲ့တွေဆီ ပြေးတယ်ဆိုတာတော့ မသိရသေးဘူး” ဟု COBRA ONE တပ်ဖွဲ့မှ ‌ဗိုလ်မြွေဟောက်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE Pakokku တပ်ဖွဲ့မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း ကပစ ၂၂ မှ ထွက်လာသော စစ်သားများ မိုးနင်းမိပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော စစ်တပ် ရှေ့ပြေးစစ်ကြောင်းသည် ချောင်းဆုံလမ်းခွဲအနီး တော်လှန်ရေးရဲဘော်များ ထောင်ထားသော မိုင်း ၆ လုံး နင်းမိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကပစ ၂၂ ထဲမှာ အစည်းအဝေးပွဲလုပ်တယ်။ ပြန်ဆုတ်ပြီး အခုမနက်မှာ ပြန်ဝင်တာ ချောင်းဆုံလမ်းခွဲမြောက်ဘက်အနီး စစ်ခွေး ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိဘူး” ဟု ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article