26 C
Yangon

ဝက်လက်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးအောင်ပွဲအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ​ရေထွက်ကျေးရွာမြောက်ဘက်ကို ရွှေဘိုမြို့မှ အကြမ်းဖက် စစ်သားများ လွှတ်တင်လိုက်သော အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံးကို ထိမှန်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပြည်သူနေထိုင်တဲ့ ရွာထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်လည်း ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။

မေလ ၂၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ခလယ်လွီထူးခရိုင်၊ (ကျောက်ကြီး) လယ်ဒိုမြို့နယ်၊ ကျွန်းကြီးကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ပဲနွယ်ကုန်းအခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီးကျည် ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို လက်နက်ကြီးကျည် ထိမှန်၍ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၅၂ နှစ်နှင့် ၆၁ နှစ်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article