25.4 C
Yangon

မင်းတပ်မြို့နယ်ရှိ ထင်ချောင်းရွာနှင့် ကြက်ဥတင်ရွာကို စစ်တပ်က ယနေ့ ညနေပိုင်းမှ စတင်၍ မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မေ ၃၀

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းမှ စတင်၍ မီးရှို့ဖျက်ဆီးနေကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ညပိုင်းတွင် ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်း ၃၆၈ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတပ်မြို့နယ်ရှိ ထင်ချောင်းရွာနှင့် ကြက်ဥတင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ မေလ ၃၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“စစ်ခွေးတွေ အခုမီးရှို့နေတဲ့ ကျေးရွာတွေက မင်းတပ်မြို့နယ်ထဲမှာပါတဲ့ ကျေးရွာတွေပါ။ မနေ့က ညထွက်တဲ့ စစ်ခွေး စစ်ကြောင်းက မင်းတပ်မြို့နယ်ထဲကို ဝင်ရောက်ပြီး ကြက်ဥတင်ကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို မီးရှို့တာပါ။ စစ်ခွေး စစ်ကြောင်းက ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ်ရင်းကနေ ထွက်တဲ့ စစ်ခွေး စစ်ကြောင်းပါ။ စစ်ခွေးတွေ လက်ရှိအချိန်ထိ မီးရှို့နေတုန်းပါ။ နေအိမ် ဘယ်နှစ်လုံးကို မီးရှို့တာလည်းဆိုတာကို အတည် ပြုလို့မရသေးပါဘူး။ အခုထိ စစ်ခွေးတွေက အဲဒီရွာထဲမှာရှိနေတာအတွက် ပြည်သူတွေ ဖမ်းဆီးတာမျိုးရှိမရှိကိုလည်း မသိရသေးဘူး” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article