ရန်ကုန်၊ မေ ၃၁
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ခရီးသည်တင် မှန်လုံဗန်ကားပေါ် လိုက်ပါလာသော တရားမဝင် ခိုးဝင်လာသည့် မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းအာဏာပိုင်များက ကန်ချနဘူရီခရိုင်၊ ဆိုင်းယို့ခ်မြို့နယ်၊ ထားစောင်ကျေးရွာအုပ်စုရှိ ဆိုင်းယို့ခ်စစ်ဆေးရေးဂိတ်တွင် တရားမဝင် နိုင်ငံ ခြားသားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ဆန်ခလပူရီမှကန်ချနဘူရီမြို့နယ်သို့ ပြေးဆွဲနေသော ခရီး သည်တင် ဗန်ကား ၁ စီးကို တားဆီးခဲ့ရာ ယာဉ်ပေါ်တွင် မည်သည့်အထောက်အထား စာ ရွက်စာတမ်းမှမရှိသည့် မြန်မာနိုင်ငံသား ၇ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး) စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားများမှာ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့နယ်စပ်မှတစ် ဆင့် ဆန်ခလပူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စု၊ ဘုရားသုံးဆူရွာဘက်သို့ သဘာဝတောလမ်း ကြောင်းအတိုင်း ခိုးဝင်လာခဲ့ခြင်း ဖြစ်ပြီး ဆန်ခလပူရီမြို့နယ်၊ ဝမ်ခ ဈေးအနီးတွင် ခရီးသည်တင် ဗန်ကားကို စီးနင်းကာ ကန်ချနဘူရီမြို့တွင်း၌ အလုပ်လုပ်ကိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
လက်ရှိအချိန် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၇ ဦးကို ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ ဆောင် ကာ “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာပြီး နေထိုင်ခြင်း” စွဲချက်ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။






