25.2 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ဇော် ပျောက်ဆုံးပြီးမှ အလောင်းပြန်တွေ့ရှိမှု ဆွေမျိုးအသိုင်းအ၀ိုင်းက လူသတ်မှုအဖြစ် ယူဆသော်လည်း အာဏာပိုင်များက ရေနစ်သေဆုံးမှုဟုဆိုကာ စုံစမ်းစစ်ဆေးမှု မလုပ်တော့ဘဲ အမှုပိတ်

Must read

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသားမောင်မင်းခန့်ဇော် ပျောက်ဆုံးပြီးမှ အလောင်းပြန်တွေ့ရှိမှုကို မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းက လူသတ်မှုအဖြစ် ယူဆကြသော်လည်း မှုခင်းဆရာဝန်နှင့်ရဲတပ်ဖွဲ့က ရေနစ်သေဆုံးမှုဟုဆိုကာ အမှုပိတ် လျစ်လျူရှုထားကြောင်း စုံစမ်းသိရှိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၉ ရပ်ကွက်တွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသား မောင်မင်းခန့်ဇော်သည် ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျောင်းမှ ပြန်လာပြီးနောက် အိမ်မှပြန်ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ပျောက်ဆုံးသွားခဲ့ကာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန် မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ ရေကန်တစ်ခုအတွင်း မှောက်လျက်အနေအထားဖြင့် အလောင်းကို ပြန်လည် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် အလောင်းကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးသောအခါ ရေနစ်သေဆုံးမှုအဖြစ် မှုခင်းဆရာဝန်က မှတ်ချက်ပြုထားကြောင်း၊ မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ သက်ဆိုင်ရာရဲစခန်းက သေမှုသေခင်းဖွင့်လှစ်၍ အမှုကို ထပ်မံစုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဘဲ အမှုပိတ်သိမ်းထားပြီဖြစ်ကြောင်း သိရှိရသည်။

“ကလေးက ရေကူးတတ်ပါတယ်။ မျက်နှာမှာက ဖူးယောင်ဒဏ်ရာတွေ ရှိတယ်လို့ ဆွေမျိုးတွေဘက်က ယူဆတာပေါ့။ ရေနစ်သေဆုံးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကလေးက ရေကူးတတ်တယ်။ ရေနစ်သေအောင် လုပ်တာလည်းမဖြစ်နိုင်ဘူးလား။ သူက ပုံမှန် ကျောင်းက ပြန်လာရင် ညနေဆိုရင် ခဏ ထွက်ဆော့တယ်၊ မုန့်စားတယ်။ အဲဒီကန်ကို သွားပြီး ရေကူးရအောင်လည်း ဘာအ ကြောင်းမှ မရှိဘူး။ ကန်ထဲရေဆင်းကူးပြီး ရေနစ်သေရအောင်လည်း သူက ရေကူးတတ်တယ်။ သာမန်ရေနစ်သေဆုံးမှု မဟုတ်ပါဘူး။ဒါက လူသတ်မှုပါ” ဟု ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

မြောက်ဒဂုံမြို့နယ်၊ ၃၉/A ရပ်ကွက်၊ သစ္စာ ၄ လမ်းတွင် နေထိုင်သော အသက် ၁၃ နှစ် (Grade – 6) ကျောင်းသား မောင်မင်းခန့်ဇော်သည် နေအိမ်မှ ရုတ်တရက် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့ရာမှ သေဆုံးလျက်သား ပြန်လည်တွေ့ရှိရဖြစ်သော်လည်း ရဲတပ်ဖွဲ့က သာမန်သေမှုသေခင်းအဖြစ် သတ် မှတ်မှုကြောင့် အမှုမှန် ပေါ်ပေါက်ရေး မျက်မြင်သက်သေများရှိပါက မိသားစုနှင့်ဆွေမျိုးများထံသို့ ဆက်သွယ်ကြရန်လည်း ဆွေမျိုးများက မေတ္တာရပ်ခံသည်။

“ကလေးနဲ့ပတ်သက်လို့ အိမ်က ထွက်သွားတဲ့အချိန်မှာ ဘယ်သူနဲ့ ရှိနေလဲ။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိတဲ့သူ မြင်တဲ့သူတွေ အမှန်တရားအတွက် ရပ်တည်ပေးပြီး ကျန်ရစ်သူ မိသားစုဆီကို ဆက်သွယ် အသိပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆွေမျိုးက ဆက်လက်ပြောဆိုသည်။

သေဆုံးသူ မောင်မင်းခန့်ဇာ်သည် ကျောင်းတွင်လည်း လူချစ်လူခင်ပေါများပြီး ရန်ငြိုးရန်စ မရှိကြောင်း၊ သို့ရာတွင် အဝတ်အစားကို သေချာ ကျနစွာ ဝတ်ဆင်၍ သပ်သပ်ရပ်ရပ်နေထိုင်တတ်သဖြင့် ငွေကြေးချမ်းသာသော သူဌေးသားပုံစံ ပေါက်နေတတ်ကြောင်း မောင်မင်းခန့်ဇော်၏ သူငယ်ချင်း မိဘတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article