25.2 C
Yangon

မြန်မာ့အရေး သုတေသီ၊ ISP Myanmar ထူထောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုလုပ်မှု သံသယဖြင့် ဖမ်းဆီးထားဟု တရုတ်အစိုးရက သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၁၂

မြန်မာ့အရေး သုတေသီ၊ ISP Myanmar ထူထောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

မြန်မာ့ရေးရာလေ့လာသုံးသပ်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံ၊ ကူမင်း (Kunming) မြို့တွင် သူလျှိုပြုလုပ်မှု၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတို့ဖြင့် ဖမ်းဆီးထိန်း သိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် (Lin Jian) က ယနေ့ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဦးမင်းဇင်ကို ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုး (Guangzhou) မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်ကြောင်း ဖြေကြားသည်။

ဦးမင်းဇင်သည် ပြီးခဲ့သည့်အပတ်အတွင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တွင် ပျောက် ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် အစောပိုင်းက ဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသည့် အမေရိကန်နိုင်ငံသား ဦးမင်းဇင် သည် မြန်မာ့အရေးကို အထူးပြုလေ့လာသည့် နိုင်ငံရေးသုတေသနအဖွဲ့ မှ သုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းကို သူလျှိုလုပ်မှု သံသယဖြင့် တရုတ်အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article