26.7 C
Yangon

မြန်မာနိုင်ငံတွင် မူးယစ်ဆေးထုတ်လုပ်သည့်နေရာ ၁၃ ခု ဖျက်ဆီးနိုင်ခဲ့ဟု တရုတ်မူးယစ်ဆေးဝါးကော်မရှင်ပြော

Must read

ရန်ကုန်၊ဇွန် ၁၈

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးထုတ်လုပ်သည့်နေရာ ၁၃ ခုကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က တရုတ်နိုင်ငံမှ ပေးပို့သည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအမျိုးသားကော်မရှင် (China National Narcotics Control Commission) က ဇွန်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးထုတ်လုပ်သည့်နေရာ ၁၃ ခုကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က တရုတ်နိုင်ငံမှ ပေးပို့သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၏ အမှုဆောင် ဒုညွှန်ကြားရေးမှူး ဝေရှောင်ကျွန်းက အဆိုပါ စစ်ဆင်ရေးသည် မြန်မာနိုင်ငံအတွင်း စံချိန်တင် အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက ယခုဝင်ရောက်စီးနင်းမှုသည် မူးယစ်ဆေးထုတ်လုပ်ရေးစက်ရုံများ အများအပြားကို တစ်ပြိုင် နက် ဖျက်ဆီးနိုင်ခဲ့သည့်အပြင် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းပမာဏအလွန်များပြားစွာ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း ဆိုသည်။

၎င်း၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံမှ ပေးပို့သည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က မြန်မာနိုင်ငံမြောက်ပိုင်းတွင် မူးယစ်ဆေးထုတ်လုပ်မှု၊ သယ်ယူရောင်းဝယ်မှုနှင့် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တစ်ပြိုင်နက်တည်း တိုက်ဖျက်သည့် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း မူးယစ်ဆေးထုတ်လုပ်ရေးနေရာ ၁၃ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး မက်သာဖက်တမင်း ၂ ဒသမ ၄၇ တန်၊ ထိန်းချုပ်ထားသော ဓာတုပစ္စည်းများ ၄၉၀ တန်၊ ထိန်းချုပ်မထားသော ဓာတုပစ္စည်းများ ၉၅၂ တန်နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာ ၈၃ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်အရာရှိက ယခုလုပ်ဆောင်မှုသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် တိုးတက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

၎င်းက နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား အချက်အလက်မျှဝေမှုနှင့် ပူးတွဲဥပဒေစိုးမိုးရေးလုပ်ငန်းများအတွက် အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်ခဲ့ကြောင်းလည်း ဆိုသည်။

တရုတ်အာဏာပိုင်များ၏ အဆိုအရ ၂၀၂၅ ခုနှစ်အစပိုင်းမှစ၍ မြန်မာနိုင်ငံအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းဒေသရှိ မူးယစ်ဆေးထုတ်လုပ်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မျှဝေခဲ့ကြောင်း သိရသည်။

လာမည့်ကာလတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပြီး သတင်းအချက်အလက်မျှဝေမှု၊ ပူးတွဲစစ်ဆင်ရေးများနှင့် နိုင်ငံတကာအဆင့် မူးယစ်ဆေးတိုက်ဖျက်ရေးပူးပေါင်းမှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article