26.6 C
Yangon

ရန်ကုန်-ပြည်လမ်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲပြင်းထန်ခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းဘေးရှိ အညာတန်းရွာ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူများ ရောက်ရှိလာ၍ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လူနာတင်ကားများ၊ ပရဟိတကားများဖြင့် ရုပ်အလောင်းများ လာရောက်ကောက်ယူသွားကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် အစောပိုင်း မင်းလှမြို့နယ်အပိုင်ထဲက ရန်ကုန်-ပြည် လမ်းဘေးမှာရှိတဲ့ အညာတန်းရွာ စစ်တပ်ဂိတ်မှာ တိုက်ပွဲဖြစ်တာ သေနတ်သံတွေဆူညံနေတာပဲ တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ နံနက် ၄ နာရီခွဲလောက်မှာ သေနတ်သံတွေ ငြိမ်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဒေသစစ်ရေးသတင်းရင်းမြစ်ကို ဆက်သွယ်မေးမြန်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုသော်လည်း ဖြစ်စဉ် အသေးစိတ်ကို ဖြေဆိုခြင်းမရှိပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article