26.5 C
Yangon

ရန်ကုန်တွင် ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်မြို့တွင် ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်အဖြစ် တော်လှန်ရေးလူငယ်များစုပေါင်း၍ “၇.၇.၆၂ မမေ့ကြနဲ့” ၊ 7-7-62 DON’T FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်မြို့တွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူငယ်များက သမိုင်းဝင် ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးအခင်းနှင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များကို အောက်မေ့သတိရစေရန်နှင့် စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားရန် ရည်ရွယ်၍ ယခုကဲ့သို့ စာတမ်းပါ တီရှပ်များဝတ်ဆင်ကာ လှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article