25.3 C
Yangon

ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသ တရုတ်နိုင်ငံနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA တပ်ဖွဲ့ က သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသ၊ တရုတ်နိုင်ငံနယ်စပ် ရှိ စစ် ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ပြီး ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသ တရုတ်နိုင်ငံနယ်စပ် နယ်ခြား မှတ်တိုင် အမှတ် ၃၀ တွင် အထိုင်ချထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူး ပေါင်းတပ်စခန်း ၃ ခုကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက် နေ့တွင် ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်၍ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျန်စခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။

“ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသက စခ၊ ပသစ ပူးပေါင်း အင်အား ၂၀၀ လောက်ရှိတဲ့ စခန်းတွေ ပါ။ လက်ရှိ ရှိန်းခေါင်ဒေသမှာတော့ ရှိန်းခေါင်ရွာမှာ စစ်တပ်စခန်းရှိပါသေးတယ်။ အခုသိမ်းပိုက်မိတဲ့ စခန်းတွေက ရှိန်းခေါင်ရွာနဲ့ဆိုရင် ၆ မိုင်လောက်ဝေးတဲ့နေရာစခန်းတွေပါ။ တရုတ်နယ်စပ်ရွာက စခန်းတွေ၊ စခတွေဘယ်လောက်သေတယ်။ လက်နက်တွေဘယ်လောက်ရထားတယ်တော့ စာရင်း အတိအကျ မသိရသေးဘူး။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အများအပြား ထိခိုက် သေဆုံးပြီး ကျန်ရှိသော စစ်သား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှာ လက်နက်ခဲယမ်းများ စွန့်ပစ်ပြီး ခေါင် လန်ဖူးမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ထို့ကြောင့် ၎င်းတို့ကိုင်ဆောင်အသုံးပြုသော လက် နက် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်း ၃ ခုသည် ခေါင်လန်ဖူးမြို့ကို ခေါင်လန်ဖူးမြို့ကို လုံခြုံရေးအရ အကာအကွယ်ပေးထား သည့် စခန်းများဖြစ်ပြီး အထိုင်စခန်းကြီးတွင် မင်းအောင်လှိုင်လက်အောက်ခံ စစ်သားများမှာ အထိုင် ချတပ်စွဲထားကာ ကာကင်းစခန်း ၂ မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နေရာချထားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အယ်လ်ဂျာဇီးယား။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article