34 C
Yangon

စဉ့်ကိုင်တွင် လျှပ်စစ်မီတာခများကို ဘဏ်အပ်နှံရန် သွား သော ပုလိပ်မြို့ EPC မန်နေဂျာနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးလိုက်ပါသော ကားကို PDF က ကြားဖြတ်တိုက်ခိုက်မှု ရဲစခန်းမှူး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မန္တလေး-ကျောက်ဆည် လမ်းပေါ်တွင် လျှပ်စစ်မီတာခများကို ဘဏ် အပ်နှံရန် သွားရောက်သော EPC မန်နေဂျာ နှင့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါသော ကားကို PDF မဟာမိတ် ၃ ဖွဲ့က တိုက် ခိုက်ရာ ရဲစခန်းမှူး သေဆုံးကြောင်း မြစ်ငယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၊ မန္တလေး-ကျောက်ဆည်လမ်း၊ စဉ့်ကိုင်ပေါ်တော်မူ ဘုရားအနီးတွင် ပုလိပ် EPC ရုံးမှ လျှပ်စစ်မီတာခများ ကို ဘဏ်သို့ ပေးသွင်းရန် သွားသော EPC မန် နေဂျာ၊ စစ်သား ၃ ဦး လိုက်ပါသော ကားကို ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စခန်းမှူး ရဲ တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုတွင် အမြန်ပြန်လည် ဆုတ်ခွာရသဖြင့် မီတာခငွေများနှင့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ ပုလိပ် EPC ရုံးသည် ပြည်သူလူထု ကို မီတာမဆောင်ပါက မီတာဘောက်များ ဖြုတ်မည်ဟု ခြိမ်းခြောက်ပြီး ချွေးနည်းစားများကို အတင်းအကျပ် ကောက်ခံကြောင်း၊ ပြည်သူ၏ ငွေကြေး များ စစ်အသုံးစရိတ် မဖြစ်စေရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ တိုက်ခိုက်မှုကြောင့် ရဲခွေးတွေ စီးလာတဲ့ အိမ်စီးကားလည်း ပျက်စီးသွားတယ်။ စခန်းမှူးက တော့ သေပါတယ်။ ရဲခွေးတစ်ဦးလည်း လက်တစ်ဖက်ထိခိုက်ပြီး EPC မန်နေဂျာ လည်း စိုးရိမ်ရတယ်လို့တော့ သတင်းရပါတယ်။
သေဆုံးသူအနေနဲ့ပြောမယ်ဆိုရင် နေရာတွင်ပွဲချင်းပြီး ရခ စခန်းမှူး၁ယောက်ပဲရှိတယ်။ ဒီနေ့ဟာ ကျနော်တို့ရဲ့MN PDFရဲ့ တွဲဖက်ခေါင်းဆောင် ဗိုလ်ကြုံးထန်နှင့်ရဲဘော် ညီအစ်ကို ၄ ဦး ကျဆုံးတဲ့ ၅လ ပြည့်နေ့ဖြစ်ပါတယ်”ဟု မြစ်ငယ် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article