23 C
Yangon

ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချခြင်းနှင့် စီရင်သည့် ကြိုးတိုက်ကို တိုက်ရိုက် ကွပ်ကဲစီမံခဲ့သော စစ်ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး လင်းထွန်း

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာရှင် တော်လှန်ရေး တက်ကြွလှုပ်ရှား ဦးဆောင်သူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်ချမှတ်ရာတွင်လည်း ကောင်း၊ သေဒဏ် ကြိုးပေးရာတွင်လည်းကောင်း စစ်ခုံရုံး တရားသူကြီး ဒုတိယဗိုလ်မှူးကြီးများ နှင့် အရာရှိများ ပါဝင်သော စစ်ခုံရုံးအဖွဲ့၊ သေဒဏ်စီရင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့တွင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ရာ ရန်ကုန်ခေတ်သစ်အနေဖြင့် ရဲဘော် ၄ ဦးကို သေဒဏ်စီရင်ခဲ့သူများ၊ သေ ဒဏ်အမိန့်ချမှုများတွင် ပါဝင်နေသော စစ်အရာရှိများကို စုံစမ်းဖော်ထုတ်တင်ပြလျက်ရှိနေသည်။

ပထမဦးဆုံးသော တရားခံအဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် (ယခု ရန်ကုန်တိုင်းစီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်) ကို ဖော်ထုတ်နိုင်ခဲ့ပြီး ယခု ဒုတိယမြောက်အဖြစ် တရားခံအဖြစ် စစ်ခုံရုံးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ကြိုးပေးစီရင်သတ်ဖြတ်ခဲ့သည့် အဓိက စစ်ခုံရုံးတရားသူကြီးတစ်ဦးဖြစ်ပြီး သေဒဏ်စီရင်သည့် ဇူလိုင် ၂၃ ရက်နေ့ မတိုင်မီ ဇူလိုင်လ ၂၂ ရက်နေ့တွင် အင်းစိန်ထောင်၊ ကြိုးတိုက်ကို ညပိုင်းအချိန်အထိ နောက်ဆုံးသွား ရောက် စစ်ဆေးရာတွင်ပါဝင်ခြင်း၊ သေဒဏ်စီရင် ကြိုးပေးနေချိန်တွင် မျက်မြင်ကိုယ် တိုင်ကိုယ်ကျ သေဒဏ်စီရင်မှုကို ကြည့်ရှု ပါဝင်ခြင်း၊ အမိန့်ချမှတ်ခြင်းများ လုပ် ဆောင်ခဲ့သူလည်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး လင်းထွန်း ဆိုတာ ဘယ်သူလဲ

ဒုတိယဗိုလ်မှူးကြီး လင်းထွန်းသည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

DSAစစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်သည်။ လင်းထွန်းသည် ၎င်း တပ်ရင်းမှူးဖြစ်နေသော စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် အရာရှိနှင့် အခြားအဆင့် များအပေါ် လွန်စွာ မောက် မာ ရိုင်းစိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ဖုံးကွယ်ပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့ငွေများကို အလွဲ သုံးစားပြုခြင်း ၊ လက်အောက်ငယ်သားများအပေါ် အာဏာပါဝါပြ ဖိနှိပ်ခြင်းများဖြင့် နာမည်ဆိုးကျော် ကြားသူ လည်းဖြစ်သည်။

“တပ်ထဲမှာ မောက်မာ ရိုင်းစိုင်းစွာနဲ့ ပြောဆိုဆက်ဆံတယ်။ “ဘယ်သူမှလည်း စောက်ဂရုမစိုက်ဘူး။ တိုင်ချင်တဲ့နေ ရာ တိုင်ဆိုပြီး ကြွေးကြော်နေသူပါ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၏ တပ်ရေးဗိုလ်ကြီးတာဝန်ကို ၎င်း၏ တပည့်အရင်း ဗိုလ်ကြီး ဇေယျာလင်းကို ပေးအပ်ခဲ့စဉ်က ရုံးခန်းထဲတွင် စစ်သည်အမျိုးသမီး စာရေးမကို နံနက်အစောပိုင်း အလုပ်ရှိသည်ဟု ခေါ်ယူပြီး အနောက်မှ သိုင်းဖက်၍ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင်ခဲ့သည်။

စစ်သည်အမျိုးသမီးစာရေးမက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို တိုင်ကြားသောအခါ တပ်တွင် အမှုအခင်း များပြားသည်ဟုဆိုပြီး အမှုကို အရေးယူမှုမရှိဘဲ လျစ်လျူရှုခဲ့သည်။ ၎င်းတွင် သမီး ၂ ဦးရှိသော်လည်း အခြားသော အမျိုးသမီးများကို စာနာမှု မပေးဘဲ သူ၏တပည့် ဗိုလ်ကြီးဇေယျာလင်းဘက်မှ ရပ်တည်ပြခဲ့သည်။

တပ်အတွင်းတွင် အမျိုးသမီး စစ်မှုထမ်းများအပေါ် လိင်ပိုင်းဆိုင်ရာ စကားဖြင့်လည်းကောင်း၊ ကိုယ်ဟန်အမူအရာဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုလည်းကောင်း အစော်ကားခံနေရမှုများကို တပ်ရင်းမှူး လင်းထွန်းက မည်သည့်အခါမှ အရေးမယူခဲ့ပေ။

လာဘ်ပေးလာဘ်ယူမှုနှင့် ငွေကြေးအလွဲသုံးစားမှုများ

လင်းထွန်းသည် တပ်တွင်းတွင် ငွေရသည့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။ ကိုဗစ်ကာလ အတွက် ချပေးထားသည့် ဆေးဝါးနှင့် အသုံးအဆောင်များကို လူနာများကို မပေးဘဲ ရောင်းစားခဲ့ပြီး သူ၏ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည်။

တည်းခိုရေးတပ်ဖြစ်သည့်အတွက် လာရောက်တည်းခိုသည့် စစ်သည်များကို ချက်ပြုတ်ကျွေးရန်အတွက် ရိက္ခာစိုငွေနှင့် ရိက္ခာများကိုလည်း အပြည့်အဝ ထုတ်ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် စိတ်ကြိုက်သုံးသည်။

သတင်းသမားများနှင့် နိုင်ငံရေးသမားများကို ဒိုင်ခံ တရားစွဲသူ

ဒုဗိုလ်မှူးကြီးလင်းထွန်းသည် မီဒီယာများနှင့် မစိမ်းလှဘဲ သတင်းသမားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားစွဲခဲ့သူအဖြစ် မီဒီယာသတင်းများတွင် မကြာခဏ ပါခဲ့သူလည်းဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် NLD ပါတီမှ ဦးမျိုးရန်နောင်သိမ်းကို မင်းအောင်လှိုင်အပေါ် ဝေဖန်သည့် ရေးသားချက်များ ဆိုရှယ် မီဒီယာ တွင် တင်သည်ဟု ဆိုကာ ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုအဖြစ် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် အဖှုဖွင့်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် The Voice ဂျာနယ်ပါ ကျည်ထောင်စုသစ္စာ သရော်ဆောင်းပါးနှင့်ပတ်သက်၍ စစ်တပ်ကို အကြည် ညိုပျက်စေသည်ဟုဆိုကာ အယ်ဒီတာချုပ် ဦးကျော်မင်း ဆွေနှင့် ဗြိတိသျှ ကိုကိုမောင်ကို လင်းထွန်းက တရားစွဲခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားချက်များသည် စစ် တပ် ဂုဏ်သိက္ခာ ကို ထိပါးစေသည်ဟုဆိုပြီး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)များဖြင့် အမှုဖွင့်တရားစွဲခဲ့သည်။

စင်စစ် လင်းထွန်းသည် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင်ရှိနေသော စစ်အရာရှိတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထိပါးသော စာရေးသားမှုများနှင့် ပြောဆိုချက်များကို မှတ်သား တရားလိုလုပ် တရားစွဲခဲ့သော မင်းအောင်လှိုင် လက်ကိုင်တုတ်စစ်ဖြစ်သည်။

သုံးသပ်ချက်

လင်းထွန်းသည် ပင်ကိုယ်ဗီဇအရသော်လည်းကောင်း ရိုင်းစိုင်းပြီး လူလည်ပတ်ကား ၊ ဂျင်ပေါ်ထုံး ဆိုသကဲ့သို့ ကိုယ့်အတွက် မကျန်လျှင် ဘာမှ မလုပ်သော လူစားမျိုးဖြစ်သည်။ လင်းထွန်းသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ရာတွင်လည်းကောင်း၊ စီရင်ရာတွင် တက်ကြွ အားစိုက် ခွန်စိုက် ပါဝင်ခဲ့သော သမိုင်းတရားခံတစ်ဦးဖြစ်သည်။

လင်းထွန်းကျူးလွန်ခဲ့မှုများသည် ခွင့်မလွှတ်ထိုက်သော ပြစ်မှုများ ဖြစ်နေပြီး မကြာမီ လူထု၏တရား စီရင်မှုအောက်တွင် သူကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုနှင့် သတ်ဖြတ်မှုများအတွက် စီရင်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။

ဓာတ်ပုံ- ဒုတိယဗိုလ်မှူးကြီး လင်းထွန်း။

Photo Credit-The Irrawaddy Burmese

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article