27 C
Yangon

စစ်ကိုင်းတိုင်းအတွင်းရှိ CDM ကျောင်းများကို Youth Rights အဖွဲ့မှ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းအတွင်းရှိ CDM ကျောင်းများကို Youth Rights အဖွဲ့က ဦးဆောင်ကာ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း Youth Rights Federal Schoolမှ ဖွင့်လှစ်ထားသော CDM ကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ နှင့်တွေ့ဆုံကာ Youth Rights ၏ ပညာရေးကဏ္ဍ ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကြားကာလ အခြေခံပညာရေး ဆောင်ရွက်နေမှုများ၊အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲကျင်းပမည့် ပုံစံများ၊ လေ့ကျင့်ပြင်ဆင် နေမှု အခြေအနေများ၊ ပညာသင်ကြားနေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ အနာဂတ်ဖက်ဒရယ်ပညာရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးအားပေးစကားပြောကြားကာ လိုအပ်သည့်သင်ထောက်ကူစာရေးကိရိယာ ပစ္စည်းများ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲများနှင့် ခရီးစဥ်များသို့ ပညာရေးကိုယ်စားလှယ်အဖွဲ့၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ MOHADMမြို့နယ်တာဝန်ခံတို့လိုက်ပါတက်ရောက်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article