ရန်ကုန်၊ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်များက ယနေ့ မွန်းတည့် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။
“အခု ကျနော်တို့ကို ရဟတ်ယာဉ်နဲ့ လာပစ်နေတယ်။ ရဟတ်ယာဉ် ၅ စီးဗျ။ အခု အခြေအနေကြည့်နေရတယ်။ နောက်မှ ပြန်ပြောမယ်နော်” ဟု ရှေတန်းစစ်မြေပြင်တွင် ရောက်ရှိနေသော PDF သတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖလူးရှိ DKBA ၏ ဗိုလ်စလုံးစခန်းကို အကြမ်း ဖက်စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။