27 C
Yangon

ဒလ-တွံတေး စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင် မပါမှုဖြင့် ကိုနေလင်းစိုးကို စစ်တပ်က ရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို လုံခြုံရေးဂိတ်တွင် အလုပ်လုပ်ခိုင်း ၊ စစ်ဆေးရးဂိတ်တွင် စစ်တပ်က အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ တာကြီးရပ်ကွက်တွင် နေထိုင်သော ကိုနေလင်းစိုးကို ဒလ-တွံတေးလမ်းမကြီးပေါ်ရှိ ဆာပါချောင်ကျောင်းစုရပ်ကွက် စစ်တပ်စစ် ဆေးရေးဂိတ်တွင် မှတ်ပုံ မပြသနိုင်သဖြင့် စစ်တပ်က ရိုက်နှက် သတ်ဖြတ်လိုက် ကြောင်း ဒေသခံများနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် ဒလမြို့နယ်၊ တာကြီးရပ်ကွက်၊ သဇင်လမ်းတွင်နေထိုင်သူ ကိုနေလင်းစိုးသည် အလုပ်မှ အိမ်သို့ပြန်လာစဉ် ဒလ – တွံတေး လမ်းမကြီး (ဆာပါချောင် – ကျောင်းစုရပ်ကွက်) စစ်တပ်စစ် ဆေးရေးဂိတ်တွင် အစစ်ခံရကြောင်း၊ စစ်တပ်က မှတ်ပုံတင် ပြသရန် ပြော ဆိုရာ ကိုနေလင်းစိုးက အလုပ်သွား၍ မှတ်ပုံတင် မပါကြောင်း ရှင်းပြခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်က ကိုနေလင်းစိုးကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကိုနေလင်းစိုးကို စစ်တပ်က မှတ်ပုံတင်ပြခိုင်းတယ်။ အဲဒါက သူက တာကြီးရပ်ကွက် သခင်လမ်းတွင်နေကြောင်း မပါလာကြောင်း အသံမာမာနဲ့ ပြန်ပြောလို့ဆိုပြီး စစ်ဆေးရေးဂိတ်မှာ ခြေလက်တွေကို ကြိုးတွေနဲ့တုပ်၊ ပါးစပ်ပိတ်ပြီးတစ်ခါတည်း ရိုက်သတ်လိုက်တယ်။ အဲဒါ စစ်တပ်က ရိုက်သတ်နေချိန်မှာ ကိုနေလင်းစိုးမိခင်နဲ့ ရပ်ကွက်လူကြီးတွေက မသတ်ဖို့ သွားတောင်းပန်ပေမယ့် စစ်သားတစ်ယောက်က မသာမကြီး ဖယ်နေဆိုပြီးတွန်းလွှတ်လိုက်တယ်။ အဲဒါ ကိုနေလင်းစိုးကို နေရာမှာတင် အပြီးရိုက်သတ်တာ။ ကိုနေလင်းစိုးအလောင်းကို ဆိုက်ကား နဲ့ အိမ်ပြန်သယ်ခိုင်းတယ် ၊ မိခင်မှာ သားတစ်ယောက်တည်းသာရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ဒလမြို့နယ်၊ တာကြီးရပ်ကွက်မှ စစ်တပ်ဘက်တော် သား စိန်မြက ကိုနေလင်းစိုးအိမ်သို့ လာရောက်ပြီး နာရေးက အရေးမကြီးဘဲ စစ်တပ်စစ်ဆေးရေးဂိတ် ဘန်ကာပျက်စီးနေသဖြင့် သွားရောက် ပြုပြင်ခိုင်း ကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၂ ရက်နေ့မှာ တာကြီးရပ်ကွက် ဒလန်စိန်မြက ကိုနေလင်းစိုး နာရေးအိမ်ကို လာတယ်။ နာရေးက အရေးမကြီးဘူး။ စစ်တပ်စစ်ဆေးရေးဂိတ်က ဘန်ကာ ပျက်စီးသွားတယ်။ အဲဒါကို လာပြင်ပေးပါဆိုပြီး ခိုင်းတယ်” ဟု ဒေသခံပြည်သူက ပြောသည်။

ကိုနေလင်းစိုးကို ရိုက်နှက်သတ်ဖြတ်လိုက်သည့် စစ်တပ်စစ်ဆေးရေးဂိတ်သည် ကိုနေလင်းစိုး၏ နေအိမ်နှင့် ချောင်းကူး တံတားတစ်ခုသာ ခြားပြီး အလွန်နီး ကပ်စွာ တည်ရှိနေသော နေရာလည်းဖြစ်သည်။

ထိုစစ်ဆေးရေးဂိတ်တွင် စစ်သားများက ပြည်သူများကို အနိုင်ကျင့်ခြင်း၊ ငွေ ကြေး တောင်းခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ မှတ်ပုံ တင်မပါလျှင် အမျိုးသမီးများဖြစ်ပါက ” ငါ့…ီး စုပ်ပေးရင် နင့်ကို လွှတ်ပေးမယ်” ဟု လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း အပါအဝင် အမျိုးမျိုး ယုတ်မာရိုင်းစိုင်းမှုများကို လုပ်ဆောင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ရိုက်နှက်သတ်ဖြတ်လိုက်သော ကိုနေလင်းစိုး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article