21 C
Yangon

ယင်းမာပင် အောင်မိုးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ကြောင့် ပြာကျပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကန်ချောင်းအုပ်စု အောင်မိုးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ဝမီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော Chindwin Peacock (CPPDF)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။”အောင်မိုးကျေးရွာကို ဖေဖော်ဝါရီလ ၁၁ရက်နေ့က စစ်ခွေးတွေ ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ် အလုံး ၂ဝကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွံ့စွာ မုန်းတီးသော အဖြစ်ပျက်ကို ပြုလုပ်သွားသော စစ်ခွေးတွေကို အမြစ်ပြတ်တဲ့အထိ ကျွန်တော်တို့ Chindwin Peacock (CPPDF) အဖွဲ့က အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်း တိုက်ခိုက်ချေမှုန်းသွားမယ်” ဟု Chindwin Peacock (CPPDF)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သော နေအိမ် အလုံး၂ဝက အိမ်ထောင်စု ၁၃စုသည် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ လက်ရှိချိန်ထိ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။
Photo – Chindwin Peacock (CPPDF)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article