ရန်ကုန်၊ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦး တော်လှန် ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍ နယ် မြေ မငြိမ်မသက် ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁၉)ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင် ရေး သပိတ်ကို ပြုလုပ်ကြသည်။
အလံမလိပ် မသံမတိတ် စခကျွန်မခံ ကနီသပိတ် ၊ အမျိုးသားရေး စိတ်ဓာတ် အောင်လံလွှင့် အောင်စိတ်မွေး၍ အာဏာရှင်မှန်သမျှတော်လှန်စို့ ဘန်နာ စာသားများကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြခဲ့ကြသည်။
သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြော ခဲ့ကြပြီး လူ့အခွင့်အရေးနှင့်တော်လှန်ရေး ခေါင်းစဉ်ဖြင့် မေးမြန်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။
ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေး သစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေး
ကြော်သံများ ကြွေးကြော်၍ ဆန္ဒပြခြင်းများပြုလုပ်ခဲ့ကြသည်။