24.6 C
Yangon

အရာတော်၊ နောင်ကြီးအိုင်ကျေးရွာအနီး စစ်ကောင်စီယာဉ် ၁ စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာအနီးတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့ လှော်တက်အင်အားစုက မိုင်း ၂ လုံးဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားအချို့ ထိခိုက်သေဆုံးကြောင်း သိရှိရသည်။

လှော်တက်အင်အားစုမှ ဗိုလ် AK အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံး ဒဏ်ရာရ စစ်သားများကို နောင်ကြီးအိုင်ကျေးရွာအတွင်း ကျင်းတူးကာ မြေမြှုပ်သဂြိုလ်နေသည်ဟု သိရှိရကြောင်း လှော်တက်အင်အားစုက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် နောင်ကြီးအိုင်ကျေးရွာတွင် တပ်စွဲနေကာ အနီးဝန်းကျင်ကျေးရွာများသို့ လှည့်လည် ဒုက္ခပေးနေသော အဖွဲ့ဖြစ်ကြောင်း လှော်တက်အင်အားစုက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article