ယင်းမာပင်တွင် စစ်ခွေးနိဂုံး 2023 ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ် မှောက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစု သည် “စစ်ခွေး နိဂုံး 2023” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ယနေ့ နံနက်ခင်းတွင်ချီတက် ဆန္ဒထုတ်ဖော်ကြသည်။