နတ်တလင်းတွင် အခိုင်အမာ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်ရရှိ၊ PDF ၂ ဦးကျဆုံး
ရန်ကုန်၊ ဧပြီ ၂
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာတွင် ဘန်ကာ၊ ကတုတ် ကျင်း များဖြင့် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတောက် ဖြူစစ်ဆင်ရေးအဖြစ်ဝင်ရောက်စီးနင်းချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး လက်နက် ၁ လက်ရရှိကြောင်း ပဲခူး PDF တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပိတောက်ဖြူစစ်ဆင်ရေးတွင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ အပြင်းအထန် (စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ၏ MA 3 ဒင်ခေါက် သေနတ် ၁ လက်၊ ကျည် ၂၀ နှင့် လက်ပစ်ဗုံး၁ လုံးတိုကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ထိုစီးနင်းချေမှုန်း တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်၂ ဦး မြင့်မြတ်စွာ အသက်ပေး လှူခဲ့ရ ကြောင်း၊ စစ်ဆင်ရေးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တပ်ခွဲ ၅၊ တပ်စု ၂ နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။