27 C
Yangon

မကွေးရှိ စစ်တပ် လက်နက်ထုတ် ကပစ ၁၀ စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက် ခိုက် မှု စက်ရုံ အဆောက်အအုံ မီးလောင်ပျက်စီး၊ တရုတ်၊ ရုရှား၊ မြောက်ကို ရီး ယားမှ ပညာရှင်တချို့ ရောက်ရှိနေချိန် တိုက်ခိုက်ခဲ့ဟုဆို

Must read

မကွေးရှိ စစ်တပ် လက်နက်ထုတ် ကပစ ၁၀ စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက် ခိုက် မှု စက်ရုံ အဆောက်အအုံ မီးလောင်ပျက်စီး၊ တရုတ်၊ ရုရှား၊ မြောက်ကို ရီး ယားမှ ပညာရှင်တချို့ ရောက်ရှိနေချိန် တိုက်ခိုက်ခဲ့ဟုဆို

ရန်ကုန်၊ ဧပြီလ ၈

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ လက်နက်ကြီးကျည် များ ထုတ်လုပ်သော အမှတ် ၁၀ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရုံ( ပကစ ၁၀) အား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံ အ ဆောက်အအုံ မီးလောင် ပျက် စီး ခဲ့ကြောင်း PRA (မကွေး)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၇ ရက် ည ၈ နာရီခွဲခန့်က အဆိုပါက ကပစ ၁၀ စက်ရုံသို့ ရှရှား နိုင်ငံရှိ လက်နက်ထုတ် လုပ်ရေးပညာရှင် ၃ ဦးမှ ဦးဆောင်ကာ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ ပညာရှင် ၂၀ ခန့် ရောက် ရှိပြီး ကပစ ၁၀ အတွင်း ထုတ်လုပ်နေသော ၁၂၂ မစ်ဆိုင်းဒုံးများကို အဆင့်မြှင့်တင်ရန် နည်းပညာ ပံ့ပိုး ပေးနေချိန် ဗျူဟာမြောက် ပစ်မှတ်များ ခြေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မစ်ရှင်အတွက် သတင်းအချက်အလက်တွေ စုံစမ်းရင်းနဲ့ တရုတ်၊ ရုရှား၊ ကိုရီး ယားပညာရှင် တွေရောက် နေတယ်ဆိုတာ သိရတာ၊ ရုရှားပညာရှင် ၃ ယောက် ကနေ ဦးဆောင်ပြီး စုစုပေါင်းအင်အားကတော့ ၂၀ လောက်ရှိမယ်လို့သိရတယ်၊ သူတို့တွေက ကပစ ၁၀ မှာ ထုတ်လုပ်နေတဲ့ ၁၂၂ မစ်ဆိုင်းဒုံးတွေကို အဆင့် မြှင့် တင်နေတဲ့နည်းပညာပိုင်းမှာ ပံ့ပိုးကူညီနေတယ်လို့ သိရတယ်။” ဟု PRA (မကွေး)တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ (အထက်မင်းလှ ပ.က.ဖ)၊ မကွေး တောင် ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (SMPDF)နှင့် အရှိချင်းကာ ကွယ်ရေး တပ်၊ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ PRA မကွေးနဲ့ မဟာမိတ်တွေအနေနဲ့က ကပစတွေရဲ့လက်နက် ထုတ် လုပ်ရေးယန္တရားတွေ ရပ်တန့်သွားအောင်၊ နှောင့်နှေးသွားအောင် မဟာ ဗျူဟာမြောက် ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တဲ့ အတွက် လူအထိ အခိုက်ကတော့ နည်းနိုင်ပါတယ်၊ အခုပစ်လိုက်တဲ့ ဒုံးကြောင့် စက်ရုံကိုထိ သွားတဲ့ အ ချိန်မှာ ဆင့်ကွဲပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်သေဆုံးဒဏ်ရာ ရတွေရှိနိုင်တယ်လို့ သိရတယ်၊ တိတိ ကျ ကျသိရဖို့ တော့ ဆက်ပြီးစုံစမ်း နေတယ်၊ စက်ရုံတစ်ခုလုံးကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ စက်ရုံ အနီး တဝိုက်မှာရှိတဲ့အဆောက်အအုံတွေလည်း ဆင့်ကွဲပေါက်ကွဲမှုတွေနဲ့ ထိခိုက်ပျက်စီးသွားတယ်လို့ ကြားသိရတယ်၊” ဟု PRA မကွေးတပ်ဖွဲ့မှ တာဝန်သူတစ်ဦးက ပြောကြားသည်။

စစ်တပ် လက်အောက်ခံ က.ပ.စ ၁၀ (မင်းလှ)သည် တာဝေးပစ်ဒုံးများ၊ တင့် ကား သုံးအမြှောက်ဗုံးသီးများ၊ လေယာဉ် ပစ်ဒုံးများ ထုတ်လုပ်နေခြင်းဖြစ် ပြီး အကြမ်းဖက်စစ်တပ်ချေမှုန်းရေးအတွက် High – Value Target ဖြစ် သည်ဟု People’s Revolution Alliance (PRA-Magway) တာဝန်ရှိသူက ပြောဆို သည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ ကပစ ၁၀ တပ်မှ ကုန်းကြီးရွာသား ယခင် NLD ပါတီဝင် ဟောင်း ၅ ဦးကို စစ်ဆေးမေးမြန်းစရာရှိသည် ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article