26 C
Yangon

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်ရေး ပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့ စစ်တပ် က လေကြောင်း ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်တွင် ကလေးငယ်များနှင့် အမျိုးသမီး အများအပြား ပါဝင်

Must read

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်ရေး ပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့ စစ်တပ် က လေကြောင်း ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်တွင် ကလေးငယ်များနှင့် အမျိုးသမီး အများအပြား ပါဝင်

■ အလောင်းများ ပြန့်ကျဲနေပြီး ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေး

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့ စစ်တပ်က တိုက်လေယာဉ်၊ Mi 35 ရဟတ် ယာဥ်တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူအနည်းဆုံး ၅၀ ကျော် ထိခိုက် သေဆုံးကြောင်း ဒေသပြည်သူများ ၏ပြောဆိုချက်အရ ကနဦး သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ အနည်းဆုံး ၅၀ ကျော် ကျဆုံးကြောင်း ကနဦးသိရှိရသည်။

“ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေလည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

” ပြည်သူအရေအတွက် ၅၀ ဦးခန့် ထိခိုက်ကျဆုံးတယ်လို့ သိထားရတယ်။ အဲဒီထက်ပိုများနိုင်တယ်။ အခု အထိ အတည်မပြုနိုင်ဘူး” ဟု အခြားဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ နောက်ဆုံး စုံစမ်းချက်များအရ စစ်လေယာဉ်ဖြင့် လူအုပ် ကြီး ထဲသို့ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက် မှုကြောင့် အနည်းဆုံး သေဆုံးသူ ပြည်သူ ၁၀၀ နီးပါး ရှိနိုင်သည်ဟု သိရှိရသည်။

(ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/111083 တွင်ကြည့်ရှုနိုင်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article