စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်
By ရန်ကုန်ခေတ်သစ်
-အကြမ်းဖက်စစ်တပ်ဟာ အခုရက်ပိုင်းအတွင်း ဆေးရုံ၊ဆေးပေးခန်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာကို တွေ့ရပါတယ်။
– ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာက တိုက်နယ်ဆေးရုံ၊စာသင်ကျောင်းတို့ကို ဧပြီ ၅ ရက်မှာ အကြမ်းဖက်စစ်တပ်ကနေ လေကြောင်းမှ ၃ကြိမ်ဗုံးကျဲခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။
-ဒီတိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံဟာ ၈၀ ရာခိုင်နှုန်းပျက်စီးသွားသလို အရပ်သားပြည်သူနေအိမ် ၂၀ကျော်လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
-ဒီလို လေကြောင်းကနေဆက်တိုက် ဗုံးကျဲတိုက်ခိုက်ရုံမက လက်နက်ကြီးတွေနဲ့ပါ ရွာတွေကို ပစ်ခတ်နေလို အိမ်ခြေ ၁၅၀ ရှိ စီသာရွာသာမက အိမ်ခြေ ၃၀၀ ရှိတဲ့ မန်နားကျေးရွာက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
-စစ်ကိုင်းတိုင်းထဲက တလိုင်းကျေးရွားမှာလည်း ဧပြီ ၈ ရက်နေ့က အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်လို့ ကျေးရွာဆေးပေးခန်းနဲ့နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။
– လေကြောင်းကတိုက်ခိုက်မှုကြောင့် ကျေးရွာဆေးခန်းရဲ့ ခေါင်းမိုး၊နံရံများပျက်စီးသွား မြေပြင်မှာဝင်ရောက်စီးနင်းပြီး ဆေးဝါးပစ္စည်းတွေကိုလည်း အကြမ်းဖက်စစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။
-အဲဒီတိုက်ခိုက်ခံရမှုမှာ သက်ကြီးရွယ်အို ၂ ဦး ၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေအားလုံး ထွက်ပြေး တိမ်းရှောင်နေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
-ကရင်ပြည်နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးချို့းဖောက်မှု တွေနဲ့ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
-တိုက်လေယာဉ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ဒရုန်းတွေအသုံးပြုပြီး ပြည်သူလူထုနေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုပေါင် ၂၃၀ ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
-ဒီလိုတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၁၈၄ လုံး ၊ပြည်သူပိုင်အဆောက်အဦ ၁၄ လုံး ၊ဆေးရုံ ၄ လုံး၊စာသင်ကျောင်း ၃ ကျောင်း ၊ဘုန်းကြီးကျောင်း ၂ ကျောင်း၊သီလရှင်ကျောင်း ၁ကျောင်းနဲ့ ဘုရားကျောင်း ၃ကျောင်းတို့ ထိခိုက်ပျက်စီး ခဲ့ရပါတယ်။
– ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ နှစ်ကြိမ် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၇ ဦးသေဆုံးခဲ့ရပါတယ်။
-ကန့်ဘလူ၊ ပဇီကြီးရွာတွင် ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က လူအုပ်ထဲသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၅၀ ခန့်ထိခိုက်သေဆုံး နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။